အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်ဟာ ၃ ထပ်တိုက်ပေါ် တွယ်တက်ကာ စွန်တက်ဖြုတ်ရင်း ကနေ တိုက်ပေါ်က ရုတ်တရက် နောက်ပြန် ပြုတ်ကျခဲ့တဲ့ စီစီတီဗီရုပ်သံက ကြည့်ရှုသူတွေကို အသက်ရှုမှားသွားစေနိုင်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ကလေးတစ်သိုက် လမ်းပေါ်မှာ စွန်လွှတ်ကစားကြစဉ် စွန်ကတိုက်ခန်းတစ်ခုမှာ ညိသွားခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် Swapnil Zagre ဆိုသူ ကလေးငယ်က ဝရန်တာပေါ်တွယ်တက်ပြီး သုံးထပ်လောက်မှာ ညိနေတဲ့ စွန်ကို ဖြုတ်ကာ အောက်ပစ်ချခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့ရဲ့ကစားဖော်ဖြစ်သူ Amol (၁၁ နှစ်) က တိုက်အောက်ကို ပြေးလာပြီး စွန်ကို ကုန်းကောက်စဉ် အပေါ်က ကလေးရုတ်တရက် အောက်ပြုတ်ကျတဲ့အချိန်နဲ့ တိုက်ဆိုင်သွားခဲ့တဲ့အတွက် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။
ကလေးနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာလည်း ယခုရာသီဟာ ပွင့်လင်းရာသီ၊ စွန်လွှတ်ရာသီ ဖြစ်တာကြောင့် မိဘများအနေနဲ့ သားသမီးများကို အန္တရာယ်မဖြစ်အောင် ကစားကြဖို့ သတိပေးထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။