1. Home
  2. Football

မြန်မာ ပရိတ်သတ်တွေ ပျော်ရွှင်စေရမယ်လို့ နည်းပြကြီး အန်တိုနီဟေး ပြော

Football พ.ย. 20, 2561 view 1,509

မြန်မာအသင်းရဲ့နည်းပြချုပ်ဖြစ်သူ အန်တိုနီဟေးက ယနေ့မှာယှဉ်ပြိုင်ကစားမယ့် ဗီယက်နမ်ပွဲစဉ်အပြီးမှာ ပရိသတ်တွေ ပျော်ရွင်စေရမယ်လို့ နည်းပြကြီးက ပြောကြားခဲ့ပါတယ်။ " အသင်းက လက်ရှိအချိန်မှာ တိုးတက်နေဆဲပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ အသင်း က အခုမှ အစပဲရှိသေးတာမို့ တစ်ပွဲချင်းစီကို သင်ခန်းစာ ယူပြီး ပြင်ဆင်နေပါတယ်။ ဗီယက်နမ် အသင်းကစားခဲ့တဲ့ ပွဲကိုလည်း ပြန်ကြည့်ထားသလို မနက်ဖြန်ကစားမဲ့ပွဲအတွက် သေချာ အာရုံစိုက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဗီယက်နမ် အသင်းက စွမ်းဆောင်ရည် ကောင်းတဲ့ အသင်းပါ။ မလေးရှားအသင်းကိုလည်း ၃၀ ရာခိုင်နှုန်းလောက် အသာစီး ရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။


မြန်မာ နည်းပြ အန်သိုနီဟေး ကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမား လုံးဝ ကင်းရှင်းနေကြောင်း ၊ သိန်းသန်းဝင်း ပွဲပယ်ခံထား ရတာကလွဲရင် ကျန်တဲ့ ကစားသမားအားလုံး ပါဝင်လာမယ့် အကြောင်း ပြောဆို ခဲ့သလို ၊ နောက်ထပ် အိမ်ရှင် ပရိသတ်တွေ အတွက် ကျွန်တော်တို့အသင်း ဗီယက်နမ်အသင်းကို အနိုင်ယူပြီး ပရိတ်သတ်တွေကို ပျော်ရွင်စေရမယ်" လို့ အန်တိုနီဟေးကဆို ပါတယ်။

မြန်မာအသင်းဟာ AFF Suzuki Cup 2018 မှာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားပြီဖြစ်ကာ နှစ်ပွဲကစားအပြီး ရမှတ် (၆) မှတ်ဖြင့် အုပ်စု (A) မှာအမှတ်ပေးဇယားကို ဦး ဆောင်လျက်ရှိပါတယ်။ ယနေ့မှာယှဉ်ပြိုင်ကစားမယ့် ဗီယက်နမ်အသင်း နှင့် မလေးရှားပွဲစဉ်မှာ တစ်မှတ်စီ ရအောင် စွမ်းဆောင် နိုင်ရုံနဲ့ ဆီမီးဖိုင်နယ် ကို တတ်ရောက်နိုင်မှာဖြစ်ပါတယ်။



Follow us on