1. Home
  2. Special or Others

ကျီစယ်သည်ဟုဆိုကာ ဝန်ထမ်းရဲ့မျက်နှာကို ဟော့ပေါ့အိုးထဲနှစ်ခဲ့သည့် အလုပ်ရှင်အား တရားစွဲ

Special or Others พ.ย. 23, 2561 view 1,723

ဂျပန်ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏ အလုပ်ရှင်ဖြစ်သူက သူ၏ဝန်ထမ်းအမျိုးသားတစ်ဦးအား ကုမ္ပဏီနှစ်ပတ်လည်နေ့ပွဲမှာ ဝန်ထမ်းများနဲ့ ဟောပေါ့ဆိုင်တစ်ဆိုင်မှာ ပါတီပေးခဲ့ပြီး ကျီစယ်သည်ဟုဆိုကာ ဝန်ထမ်းတစ်ဦးကို ဆူပွက်နေသည့် ဟော့ပေါ့အိုးထဲသို့ မျက်နှာကို အတင်းနှစ်ခဲ့တာကြောင့် ဝန်ထမ်းဖြစ်သူမှာ အပူလောင်ဒဏ်ရာများစွာ ရရှိခဲ့သဖြင့် ကျူးလွန်ခဲ့သူ အလုပ်ရှင်အား တရားစွဲဆိုလိုက်သည်။

၂၀၁၅ ခုနှစ်က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်မှာ မည်သည့်အကြောင်းများကြောင့် ၃ နှစ်ခန့်ကြာမြင့်နေသည် မသိရသော်လည်း ယခုသီတင်းပတ်မှာတော့ တရားစွဲခွင့် ရရှိသွားသည်။

ကျူးလွန်ခံခဲ့ရသူ ကုမ္ပဏီဝန်ထမ်းမှာ အသက် ၂၃ နှစ်ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဥက္ကဋ္ဌက နှစ်ပတ်လည်ပါတီပွဲမှာ ကျူးလွန်ခဲ့ပြီး အခြားလုပ်ဖော်ကိုင်ဖက်များက ကူညီကယ်ဆယ်ရမည့်အစား အားပေးအားမြှောက်ပင်ပြုခဲ့ပြီး တစ်ယောက်ကဆိုလျှင် မျက်နှာနှစ်ခံထားရသော ဟော့ပေါ့အိုးထဲမှာပင် ချက်ပြုတ်နေခဲ့တာကို ရုပ်သံမှာ တွေ့မြင်ခဲ့ရပါတယ်။

အလုပ်ရှင်ဖြစ်သူက ကျေနပ်သေးပုံမရပဲ မျက်နှာကို နောက်တစ်ခေါက် ထပ်နှစ်ရာမှာတော့ အပူဒဏ်မခံနိုင်လွန်းလို့ အတင်းရုန်းရာမှာ ဟော့ပေါ့အိုး မီးဖိုပေါ်မှာ ပြုတ်ကျခဲ့တာကိုပါ တွေ့ခဲ့ရပါတယ်။

မျက်နှာမှာ အပူလောင်ဒဏ်ရာတွေရခဲ့တဲ့ ဓါတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီး ဖြစ်စဉ်နဲ့ပက်သက်တဲ့ အကြောင်းကို ရှင်ကိုသတင်းဌါနက ကျူးလွန်ခဲ့သူ အလုပ်ရှင်ဖြစ်သူနဲ့ အင်တာဗျူးတဲ့အခါမှာတော့ နောက်ပြောင်ကျီစယ်တဲ့အနေနဲ့ အခုလို လုပ်ခဲ့တာပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

မျက်နှာပြင်တစ်ခုလုံးမှာ အပူလောင်ဒဏ်ရာ ရရှိသွားတဲ့ ဝန်ထမ်းကတော့ သူဟာ ကုမ္ပဏီမှာ မကြာခဏဆိုသလို အနိုင်ကျင့်ခံရမှုတွေလည်း ရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ မျက်နှာပေါ်က ဒဏ်ရာတွေ ပျောက်ဖို့အတွက် အချိန် တစ်လကျော် ကြာမြင့်ခဲ့ပါတယ်။


အဆိုပါရုပ်သံဟာ ယူကျူ့နဲ့ ဝီဘို(တရုပ်လူမှုကွန်ယက်) တို့ပေါ်မှာပါ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ သန်းနဲ့ချီသွားခဲ့ပါတယ်။ ကြည်ရှုသူတွေက ဒီကိစ္စဟာမတရားကြောင်း ဥပဒေအရအရေးယူနိုင်ရန် ဝိုင်ဝန်းပံ့ပိုးကြမည်ဟု ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါကိစ္စဟာ ဂျပန်နိုင်ငံ အလုပ်သမားဝန်ကြီးဌါနမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေး ဘဝလုံခြုံရေးကိစ္စနဲ့ ပက်သက်ပြီး ညွှန်ပြစရာကောင်းတဲ့ အဖြစ်ပျက်တစ်ခုအနေနဲ့ ထင်ရှားသွားခဲ့ပါတယ်။

ကျူးလွန်ခံခဲ့ရသူ အမျိုးသားကတော့ သူ့အနေနဲ့ ဟော့ပေါ့အိုးကို မြင်ရတိုင်း အဲဒီအချိန်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို အမြဲပြန်သတိရပြီး လန့်နေတယ်လို့ ဆိုပါတယ်။



Follow us on