1. Home
  2. Movie Stars - Celebrity

တန်ဆောင်တိုင်ညကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ

Movie Stars - Celebrity พ.ย. 23, 2561 view 1,795

ပရိသတ်တွေက ချစ်စနိုးနဲ့ ဒီးဒီလို့ခေါ်ကြတဲ့ အဆိုတော်စန္ဒီမြင့်လွင်ကတော့ ဂီတလောကမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့ ရက်ပါအဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသူတစ်ယောက်ဖြစ်သလို ရိုးသားပွင့်လင်းတဲ့ ချစ်စရာစိတ်ထားလေးကြောင့်လဲ ပရိသတ်တွေရဲ့ အခိုင်အမာချစ်ခင်အားပေးမှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။



အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စရာအိမ်ထောင်ရေးတစ်ခုကိုပါ လက်ဝယ်ပိုင်ဆိုင်နေပြီဖြစ်တဲ့ ဒီးဒီကတော့ ချစ်ခင်ပွန်းနဲ့အတူ တန်ဆောင်တိုင်ညကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ တောင်ကြီးမီးပုံးပျံပွဲမှာ ပျော်ရွှင်ကြည်နူးနေကြတဲ့ ပုံရိပ်များကို သူမရဲ့ဖေ့စ်ဘွတ်မှာတင်ထားကာ “တောင်ကြီးတန်ဆောင်တိုင် အရင်ကကိုယ့်အလုပ်ပီးတာနဲ့ တန်းပြန်တယ် ဒီနှစ်တော့တစ်ခါမှမကြည့်ဘူးတဲ့မီးပုံပျံပွဲကြည့်ဖြစ်တယ် စီစဉ်ပေးတဲ့သူတွေ အား လုံးနဲ့ ကြည့်ဖို့ ခေါ်တဲ့ မဒါနဲ့ ဘစိုးလဲကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။



တောင်ကြီးတန်ဆောင်တိုင်ညလေးကို ခင်ပွန်းသည်နဲ့အတူ အမဖြစ်သူ စိုးမြတ်နန္ဒာနဲ့ စိုးသူတို့စုံတွဲအပြင် ရုပ်ရှင်မင်းသားကြီးလွင်မိုးတို့နဲ့အတူ သွားရောက်ကြည့်ရှုခဲ့ရတာကြောင့် ဒီးဒီတစ်ယောက် အပျော်ကြီးပျော်နေတယ်ဆိုတာကတော့ သူမရဲ့ပုံရိပ်လေးတွေက သက်သေပြလို့နေပါတယ်နော်။




Follow us on