1. Home
  2. Movie Stars - Celebrity

Miss World 2018 ပြိုင်ပွဲကြီးမှာ Top ဝင်ဖို့အတွက်ပြည်သူတွေကိုအကူအညီတောင်းတဲ့ ဟန်တီ

Movie Stars - Celebrity พ.ย. 23, 2561 view 1,567

ယခုအချိန်မှာ မြန်မာနိုင်ငံမှ အလှမယ်ဟန်တီ ဟာ Miss world 2018 ကို တရုတ်နိုင်ငံ Sanya မြို့မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နေပါတယ်။ သူမအနေ နဲ့လက်ရှိမှာ မဲအရေအတွက်အင်မတန်မှ နည်းပါးနေတာကြောင့် သူမ top ထဲဝင်မဝင်ကတော့ မြန်မာပြည်သူပြည်သားတွေရဲ့ လက်ထဲမှာပဲရှိပါတော့တယ်။

မြန်မာပြည်ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် သူမ TOP ထဲ ဝင်ခြင်းမဝင်ခြင်းဟာ ပြည်သူတွေနဲ့အများကြီးသက်ဆိုင်တယ်လို့ သူမကပြောထားပါတယ်။

 သူမလဲ အလှမယ်တစ်ယောက်အနေနဲ့ တတ်နိုင်သမျှအစွမ်းကုန်ကြိုးစားနေပေမဲ့ ပြည်သူလူထု ရဲ့ အားပေးမှု ဆိုလိုတာက VOTE ပေးမှုမရရင်အလကားပါပဲနော်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလဲ ဟန်တီ့အမေက ဟန်တီ့အတွက် Voting များပေးလျှင် ဖုန်းဘေလ်ထည့်ပေးမယ်ဆိုတာမျိုး ပရိတ်သတ်တွေကိုစည်းရုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်တွေမှာလဲ ဟန်တီက သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ ပို့စ်များကိုတင်ပြီး သူမကို Mobstar app ကနေ vote ကြဖို့အတွက်တောင်းဆိုခဲ့ပါတယ်။

ဟန်တီဟာ Voting အရမ်းနည်းနေတဲ့အတွက်ပြီးခဲ့တဲ့ရက်က missworld.com ကထုတ်ပြန်ကြေငြာခဲ့တဲ့ စကားတင် ၃၂ ယောက် Top 32 ထဲမှာလဲမပါဝင်ခဲ့ပါဘူး။

လက်ရှိမှာတော့ missworld.com က Top 5 မှ Top 2 စကားတင် ၄ ယောက်ကိုကြေငြာပြီးဖြစ်ပါတယ်။ Top 1 ကိုတော့ Final မှာ သရဖူချီးမြှင့်ရင်း ကြေငြာ သွားမယ်လို့သိရပါတယ်။ Top 5 ကတော့ South Africa မှအလှမယ်၊ Top 4 ကတော့ ကိုးရီးယားအလှမယ်၊ Top 3 နဲ့ Top 2 ကတော့ Senegal နဲ့ China PR မှအလှမယ်တို့ ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ မြန်မာအလှမယ်ဟန်တီက Top 10 စာရင်းထဲမပါသေးသလို ကျန်တဲ့ တခြား ဆုတွေမှာလဲ ပါဝင်နိုင်ချေ အင်မတန်မှနည်းပါးနေတာကြောင့် မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဟန်တီကို Vote ပေးလိုက်ကြပါဦး။

Vote link - https://bit.ly/2KtyveW

ဒါကတော့ ဘယ်လို vote ရမလဲဆိုတာပြသထားတဲ့ ဗွီဒီယိုဖိုင်လေးပါ။



Follow us on