Tigerair လေကြောင်းလိုင်းက လေယာဉ်မယ်တစ်ဦးရဲ့ တင်ပါးကို အကြိမ်ကြိမ်ပွတ်သပ်ကိုင်တွယ်ပြီး အကြပ်ကိုင် ဖုန်းနံပါတ်တောင်းတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးသမားတစ်ဦးကို စင်ကာပူနိုင်ငံ ချိန်ဂီလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထောက်ပံ့ပို့ဆောင်ရေး(logistic) အသိုင်းအဝိုင်းတွင် လုပ်ကိုင်နေသော သြစတြေးလျနိုင်ငံသား Paranjape Niranjan Jayant (အသက် ၃၄ နှစ်) အိမ်ထောင်ရှိသူအား လေယာဉ်မယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုဖြင့် ထောင်ဒဏ် ၃ ပတ်ကျခံစေရန် နိုဝင်ဘာလ ၂၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ်လတွင်းက သြစတေးလျနိုင်ငံ ဆစ်ဒနေမြို့မှ စင်ကာပူနိုင်ငံကို Tigerair လေကြောင်းလိုင်းဖြင့် အထူးတန်း(Business Class) မှ လိုက်ပါလာစဉ် အသက် ၂၅ နှစ်အရွယ် လေယာဉ်မယ်ကို ဘလက်ကာယပြုခဲ့တာဖြစ်ပါတယ်။
လေယာဉ်မယ်ဟာ အလယ်လျှောက်လမ်းမှာ အလုပ်လုပ်နေစဉ် သူမရဲ့ ဘယ်ဘက်တင်ပါးကို နောက်နားကနေ တစ်ယောက်ယောက်က ပွတ်သပ်နေသလို ခံစားရလို့ နောက်ပြန်လှည့်ကြည့်ချိန်မှာ Paranjape က တင်ပါးကို ကိုင်ထားလျှက် မလွှတ်ပဲ သူမကို ပြုံးပြီးပြန်ကြည့်နေပါတယ်။ သူမက ရှောင်ထွက်သွားချိန်မှာ မင်းကအရမ်းလှတာပဲလို့ ပြောပြီး သူ့ရဲ့ခုံမှာ သွားပြန်ထိုင်နေခဲ့ပါတယ်။
လေယာဉ်စီးချိန်တစ်လျှောက်လုံးမှာ လေယာဉ်အရှေ့ပိုင်း စားသောက်ပစ္စည်းများထားရာအခန်းဆီကို မကြာခဏ ထလာပြီး သူမဆီက ဖုန်းနံပါတ်ကို အသည်းအသန်တောင်းပါတယ်။ သူမကမပေးဘူးလို့ အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါတယ်။ အဲဒါကြောင့် လေယာဉ်မဆင်းမီ တစ်နာရီခန့်အလိုမှာ သူမဆီ တစ်ခေါက်ထပ်လာပြီး ဘလက်ကာယလုပ်တာကြောင့် သူမက ကြီးကြပ်ရေးမှူးလေယာဉ်မယ်ကို အင်တာကွန်းနဲ့ ဆက်သွယ်ပြီး တိုင်းကြားတော့မှ အမျိုးသားဟာ သူ့နေရာသူ သွားပြန်ထိုင်နေခဲ့ပါတယ်။
လေယာဉ်မယ်က စင်ကာပူနိုင်ငံကို လေယာဉ်ဆိုက်တာနဲ့ ရဲကိုတိုင်ကြားခဲ့တာကြောင့် ခရီးဟာ ချန်ဂီလေဆိပ်မှာတင် ဖမ်းဆီးခံခဲ့ရပါတယ်။ တရားရုံးမှာ စစ်ဆေးတဲ့အခါမှ Paranjape က အမူးလွန်ပြီး ဖြစ်ခဲ့တာဖြစ်ကြောင်းနဲ့ ယခုအခါ နောင်တရနေပြီး သက်ညှာစွာအပြစ်ပေးရန် အယူခံဝင်ခဲ့ခြင်းဖြစ်ပါတယ်။