1. Home
  2. Movie Stars - Celebrity

လိင်တူချင်းကြိုက်နှစ်သက်တာကိုပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ကြတဲ့ ဟောလိဝုဒ်အနုပညာရှင်များ

Movie Stars - Celebrity พ.ย. 23, 2561 view 2,072

1. Troye Sivan

Troye ကတော့ တောင်အာဖရိကမှာမွေးဖွားတဲ့ သြစတေးလျ လူမျိုးအဆိုတော်ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးပြီး သိပ်မကြာခင်မှာပဲ ဂေးဖြစ်ကြောင်း ဝန်ခံပြီး သူ့ boyfriend ဖြစ်တဲ့ မော်ဒယ် Jacob Bixenman ကိုလဲ ပရိတ်သတ်ကိုအသိပေးမိတ်ဆက်ခဲ့ပါတယ်။ Troye ရဲ့ မိသားစုဟာလဲ ပွင့်လင်းမြင်သာတဲ့ life style မျိုးနေထိုင်ကြပြီး Jacob နဲ့လဲ သဘောတူထားပါတယ်။ Troye ရဲ့ အမေဖြစ်သူဟာ Jacob ကိုလဲ သားအရင်းနဲ့ မခြား ချစ်ပေး၊ ဂရုစိုက်ပေးတာတွေကိုလဲတွေ့ရပါတယ်။

2. Kristen Stewart


သူမကတော့ အားလုံးသိကြတဲ့ နာမည်ကြီး Twilight ရုပ်ရှင်ဇာတ်ကားများရဲ့ ခေါင်းဆောင်မင်းသမီး Kristen ပါ။ Kristen ဟာ ယောင်္ကျားများစွာနဲ့ တွဲဖူးပါတယ်။ တွဲပြီးမှ သူ့ကိုယ်သူ Lesbian (လိင်တူချင်း စိတ်ဝင်စားသူ) ဆိုတာ ဝန်ခံခဲ့တာပါ။ သူမဟာ Twilight ဇာတ်ကားရဲ့ မင်းသား ရောဘတ်ပတ်တင်ဆန် နဲ့လဲ တွဲချိတ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူမက သူမရဲ့ မိန်းကလေးချစ်သူ Stella Maxwell နဲ့ တွဲခုတ်နေပါတယ်။ Stella Maxwell ဟာ ဘယ်လ်ဂျီယန်နိုင်ငံမှာမွေးတဲ့ အိုင်းရစ်လူမျိုး မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

3. Sam Smith


Sam က ဂေးဆိုတာတော့လူတိုင်းနီးပါးအသိပါပဲ။  Sam ဟာ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ 13 Reasons Why မှ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Brandon Flynn နဲ့ တွဲခုတ်ဖူးခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာပြတ်သွားကြပါပြီ။

4. Bella Thorne


နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Midnight Sun ထဲမှာအဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Bella Thorne ဟာ သူ့ကိုယ်သူ bisexual တစ်ယောက်ဆိုတာ ဝန်ခံထားပါတယ်။ သူမဟာ ယောင်္ကျား၊ မိန်းမခွဲခြားခြင်းမရှိပဲ အကုန်လုံးကို ကြိုက်နှစ်သက်တယ် လို့ ဝန်ခံထားတာဖြစ်ပါတယ်။

5. Calum Scott

You are the reason, If our love is wrong အစရှိတဲ့ နာမည်ကြီး ဇာတ်ဝင်တေးတွေရဲ့ ပိုင်ရှင် Calum Scott ဟာလဲ ဂေးတစ်ယောက်ပါပဲတဲ့။ သူကတော့ သူ့ကိုယ်သူ ဂေးလို့ ဝန်ခံထားတာသိပ်မကြာသေးပါဘူး။

6. Jaden Smith


Jaden Smith ကတော့ ကမ္ဘာကျော် ဂြိုလ်သားမင်းသားကြီး Will Smith ရဲ့သားဖြစ်ပါတယ်။ Jaden ငယ်စဉ်တုန်းက မင်းသားကြီး ဂျက်ကီချန်းနဲ့ Karate Kid ရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်တော်ရုံသာမက သီချင်းဆိုတဲ့နေရာမှာလဲ တော်တဲ့အတွက်ထိုအချိန်တုန်းကလဲ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never say never ကို Justin Bieber နဲ့အတူတွဲဖက်သီဆိုခဲ့ပါတယ်။ ယခုလက်ရှိမှာလဲ Rapper တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Jaden ဟာ သူ့လို rapper နောက်တစ်ယောက်ဖြစ်တဲ့ Tyler The Creater ဟာ သူ့ရဲ့ လိင်တူချစ်သူ ဖြစ်ကြောင်းကို ရှိုးပွဲတစ်ခုမှာ ပရိတ်သတ်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပရိတ်သတ်များက သူတို့နှစ်ယောက်ကို သူငယ်ချင်းလို့ထင်နေကြတာကို မဟုတ်ကြောင်း သူတို့ကသူငယ်ချင်းထက်ပိုတဲ့ ချစ်သူတွေဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။



Follow us on