ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမရဲ့နှလုံးသားကို အပိုင်ရရှိထားဖို့ဆိုတာ လွယ်တဲ့ကိစ္စရပ်မဟုတ်ပါဘူး။ ဘယ်မိဘကမှ ကိုယ့်သားသမီးရဲ့ နှလုံးသားကို အပိုင် သိမ်းထားတဲ့လူကို သာမန်ထက်ပိုတဲ့ချစ်ခင်နှစ်သက်မှုမျိုး မပြုကြပါဘူး။
ဒါပေမဲ့ နာမည်ကျော်အဆိုတော် ဂျက်စတင်ဘီဘာရဲ့ အမေကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာကျရောက်ခဲ့တဲ့ ချွေးမလောင်းဖြစ်သူ ဟေးလီဘောလ်ဝင်း ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းတဲ့ပို့်စ်ကို သူမရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
သူမရဲ့ ပို့စ်မှာ ‘ဟေးလီဘောလ်ဝင်းကိုအရမ်းချစ်တယ်’ ‘ဒီလိုသမီးမျိုးဖြစ်ပေးတဲ့အတွက်ကျေးဇူးတင်တယ်’ အစရှိတဲ့ ချစ်စဖွယ်စကားများကိုရေးသားထားပါတယ်။
ဂျက်စတင်နဲ့ ဟေးလီတို့စုံတွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာစေ့စပ်ကြောင်းလမ်းခြင်းကို ကြေငြာခဲ့ပါတယ်။
လက်ရှိမှာတော့ အတိအလင်း လက်ထပ်ထားကြတဲ့ သူများမဟုတ်သေးပေမဲ့ ဂျက်စတင့်အမေကတော့ဟေးလီကို ချွေးမ ဆိုတဲ့ အသုံးအနှုန်း၊ သမီးဆိုတဲ့ အသုံးအနှုန်းတွေကို တွင်တွင်အသုံးပြုနေပြီဖြစ် ပါတယ်။ ဟေးလီကလဲ သူမရဲ့ Last Name (မျိုးရိုးနာမည်) ကို Hailey Baldwin မှ Hailey Bieber အဖြစ် သူမရဲ့ instgram name ကို ပြောင်းလိုက်ပါပြီ။ မကြာခင်မှာပဲ မင်္ဂလာသတင်းကြားရတော့မှာလား ဆိုပြီး ပရိတ်သတ်တွေကြားမှာ ဂယက်ရိုက်နေကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် သူမဟာ ဟေးလီနဲ့ ဂျက်စတင်ကို ဘယ်လောက်ထိသဘောတူသလဲဆိုတာအသိသာပါပဲ။
JB အမေတင်ထားတဲ့ ပို့စ်အောက်မှာ ပရိတ်သတ်တစ်ဦးက “တကယ်ကိုချစ်စရာကောင်းတဲ့ ယောက္ခမနဲ့ ချွေးမဆက်ဆံရေးပါပဲ တစ်ခါမှ ဒီလောက်ချစ်စရာကောင်းတဲ့ ဆက်ဆံရေးမျိုးမမြင်းဖူးဘူး” လို့ရေးသားပြီး မန့်ခဲ့ပါတယ်။
HAPPY BIRTHDAY @haileybaldwin !! I LOVE YOU!! I’m SO #THANKFUL to have you as a daughter!!!