1. Home
  2. Special or Others

မူးယစ်ဆေးစွဲသူများ အုပ်စုလိုက် အဓ္ဓမပြုကျင့်မှုကြောင့် ခွေးထီးကြီး သေဆုံး

Special or Others พ.ย. 25, 2561 view 1,628

အိန္ဒိယနိုင်ငံ မွန်ဘွန်းမြို့ပေါ်တွင် မူးယစ်ဆေးကြောင်နေသော အမျိုးသား ၄ ဦးက ခွေးထီးတစ်ကောင်ကို ဝိုင်းဝန်းဖမ်းဆီးကာ အကြိမ်ကြိမ်အဓ္ဓမပြုကျင့်ခဲ့တာကြောင့် ခွေးထီး သေဆုံးသွားခဲ့သည်။

“သတ္တိ” လို့ အမည်ပေးထားတဲ့ ခွေးမှာ နိုဝင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က သေဆုံးသွားခဲ့ကြောင်း တိရိစ္ဆာန်များရဲ့ အရေးကိစ္စကို ဆောင်ရွက်နေသော အစိုးရမဟုတ်သည့်အဖွဲ့အစည်း AMTM က သူတို့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။ ကျန်ရစ်တဲ့ ခွေးအလောင်းကို ဆေးစစ်ဖို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


“သတ္တိ”ဟာ ဝိုင်းဝန်းကျူးလွန်မှုခံထားရပြီး ခန္ဓာကိုယ်တွင်း ပေါက်ပြဲဒဏ်ရာများနဲ့ သွေးထွက်လွန်တာတွေ ဖြစ်နေတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့က AMTM က ရေးသားခဲ့ပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။


“သတ္တိ” သေဆုံးခဲ့ရမှုအတွက် ၁၉၆၀ ခုနှစ် တိရိစ္ဆာန်များကို နှိပ်စက်ညှင်းဆဲမှုဥပဒေ အပိုဒ် ၁၁ အရ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ကျူးလွန်ခဲ့သူအမျိုးသားများအား ရဲများက ရှာဖွေလျှက်ရှိသည်။


နိုဝင်ဘာလ ၁၇ ရက်နေ့ ၁၂ နာရီခန့်က ဒေသခံ အမျိုးသမီးတစ်ဦးက “သတ္တိ” ကို သွေးအလိမ်းလိမ်းနဲ့ တွေ့ခဲ့ရပြီး ခွေး၏ လိင်အင်္ဂါလည်း ဖြတ်တောက်ခြင်းခံထားရသည်။ အဆိုပါနေ့နံနက် ၂ နာရီအချိန်ခန့်က ဆေးကြောင်နေသောအမျိုးသား ၄ ဦး “သတ္တိ” ကို ဝိုင်းဝန်းအဓ္ဓမပြုကျင့်နေခဲ့တာကို ဆိုက်က္ကားဆရာက မြင်တွေ့ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။


ထွက်ဆိုချက်အရ ခွေး၏ ခြေထောက်များကို ကြိုးနဲ့တုပ်ကာ ပါးစပ်ထဲကို အဝတ်စများစို့ထားပြီး အဓ္ဓမပြုကျင့်ခဲ့ကြကြောင်း၊ ခွေးရဲ့ နာကျင်စွာ စူးစူးဝါးဝါးအော်သံကြောင့် သွားကြည့်ရာမှာ လူ ၄ ဦး ထွက်ပြေးသွားကြောင်း ပြောကြားခဲ့သည်။

သူက ခွေးကို ချည်နှောင်ထားတာတွေ ဖြည်ပေးလိုက်ပြီးနောက် ခွေးက နာကျင်စွာ ပြေးထွက်ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ရက်ခန့်အကြာ ဘုရားရှိခိုးကျောင်းအနီးမှာ ဆိုးရွားတဲ့ ဒဏ်ရာများနဲ့ ပြန်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။



Follow us on