1. Home
  2. Special or Others

အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး ဆယ်ဖီရိုက်ပြီး ရေးတွင်းထဲခုန်ချသေဆုံး

Special or Others พ.ย. 26, 2561 view 1,685

အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦးဟာ သူတို့ကိုယ်သူတို့ ရေတွင်းထဲခုန်ချပြီး အဆုံးမစီရင်ခင် နောက်ဆုံးမိနစ်မှာ အပြုံးကိုယ်စီနဲ့ နောက်ဆုံးဆယ်လ်ဖီပုံတစ်ပုံရိုက်ပြီး WhatsApp အပလီကေးရှင်း ပရိုဖိုင်းပုံအဖြစ် ဆင်တူပြောင်းလဲတင်သွားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ အလောင်းကို မွန်ဘိုင်းမြို့မှာ ကိုယ်ကိုယ်ကိုယ်သတ်သေတတ်ကြတဲ့နေရာအဖြစ် ထင်ရှားကျော်စောတဲ့ ရေတွင်းတစ်ခုထဲကနေ ပြန်လည်ဆယ်ယူရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အမည်ကို ရဲတွေက ထုတ်ဖော်ပြောကြားခြင်းမရှိပဲ ရေတွင်းထဲ ပြိုင်တူခုန်ချခဲ့ပြီးနောက် ရေနစ်သေဆုံးသွားရတယ်လို့ ကြေညာခဲ့ပါတယ်။


ရဲတွေရဲ့အဆိုအရ မိန်းကလေးနှစ်ဦးဟာ ရေတွင်းနားမှာ အပြုံးကိုယ်စီနဲ့နှစ်ယောက်တွဲ ဆယ်လ်ဖီအတူရိုက်ခဲ့ကြပြီး သတ်မသေခင်မှာ အဆိုပါပုံကို သူတို့ရဲ့ WhatsApp ပရိုဖိုင်းပုံအဖြစ် ပြောင်းလဲခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ စမတ်ဖုန်းတွေ၊ ဖိနပ်တွေ၊ ခြေကျင်းတွေကို ရေတွင်းအနီးမှာ တွေ့ခဲ့ရတာကြောင့် တမင်ရည်ရွယ်ပြီး ရေတွင်းထဲခုန်ချခဲ့တယ်လို့ ရဲတွေက ကောက်ချက်ချခဲ့ပါတယ်။


ဒီသတင်းကိုကြားလိုက်ရတဲ့ သူတို့ရဲ့ မိသားစုတွေက ထိတ်လန့်ခဲ့ကြပြီး မိန်းကလေး နှစ်ယောက်စလုံးမှာ သတ်သေချင်စိတ်ပေါက်လောက်အောင် မည်သည့်စိတ်ဖိစီးမှုမှ မရှိဘူးဟု ပြောဆိုခဲ့ပြီး အခုလို သေဆုံးခဲရတာဟာ ထူးဆန်းတယ်လို့ ဆိုကြပါတယ်။

သေဆုံးခဲ့တဲ့ မိန်းကလေးတစ်ဦးရဲ့ ဖခင်ကတော့ အခုတစ်လော သူ့သမီးက သူ့ကို အဝတ်အစားအသစ်နဲ့ တယ်လီဗီရှင်းဝယ်ပေးရန် ပူဆာခဲ့ကြောင်း၊ ဒါကြောင့်မို့ သူ့အတွက် အဝတ်အစားတွေကို မှာထားခဲ့ပြီး နောက်ထပ်ရက်အနည်းအတွင်း ရောက်ရှိလာမှာဖြစ်ပေမယ့် သူ့သမီးမရှိတော့တဲ့အတွက်  စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။


ရဲတွေက သူတို့နှစ်ဦးစလုံးရဲ့ ဖုန်းထဲက အချက်အလက် ရေးသားပြောဆိုတာတွေကို စစ်ဆေးခဲ့ပေမယ့် WhatsApp ထဲမှာ ရေးသားပြောဆိုခဲ့တာတွေအားလုံး ဖျက်ထားတယ်လို့ ဆိုပါတယ်။ သူတို့ထဲက တစ်ယောက်က လတ်တလောမှာ ရည်းစားနဲ့ပြတ်ထားပြီး ဒီအချက်က ဆက်နွယ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

သေဆုံးသူ မိန်းကလေးနှစ်ဦးမှာ ကျောင်းအတူနေ အိမ်နီးချင်း သူငယ်ချင်းများဖြစ်ကြပြီး နှစ်ယောက်စလုံးရဲ့မိဘတွေဟာ စပါးစိုက် လယ်သမားတွေဖြစ်ကြပါတယ်။

ယခုဖြစ်စဉ်နဲ့ဆိုရင် ဒီရေတွင်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုပေါင်း ၂ နှစ်အတွင်း ၄ မှုရှိနေပြီဖြစ်ပြီး ရဲများက သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့ ဒီလိုမျိုးထပ်မဖြစ်စေရန် ရေတွင်းကို အကာအရံများ ပြုလုပ်သင့်ကြောင်း အကြံပေးပြောဆိုပြီးဖြစ်တယ်လို့ သိရှိရသည်။



Follow us on