တစ်ချိန်က နာမည်ကြီးအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Brown Eyed Girls အဖွဲ့မှ အဖွဲ့ဝင် Narsha ဟာ သိပ်မကြာသေးခင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင် ခဲ့တဲ့ ဓာတ်ပုံကြောင့် ပရိတ်သတ်များရဲ့ သံသယဝင်ခြင်းကိုခံခဲ့ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ သူမဟာ ဓာတ်ပုံရိုက်ရာမှာ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်အောင် photoshop လိုက်ရာမှ ဓာတ်တိုင်တောင်ကွေးသွားရတဲ့အထိဖြစ်သွားပါတယ် လို့ ယိုးစွပ်ကြပါတယ်။
“ဘယ်လိုတောင် ဖိုတိုရှော့လိုက်လို့ ဓာတ်တိုင်တောင်ကွေးသွားရတာလဲ”
“သူ့မှာ သဘာဝအလှမှမရှိပဲ ဒီလိုပဲရှော့ရမှာပေါ့”
“လက်ထဲမှာကိုင်ထားတဲ့ စီးကရက်ကိုဖျက်ချင်လို့လား”အစရှိသဖြင့် အဆိုးမြင်သဘောဖြင့် ပြောသူတွေများပြားလာပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး SBS ရုပ်သံလိုင်းမှ သတင်းဌာနကဓာတ်တိုင်ကိုသွားရောက်အတည်ပြုခဲ့တဲ့အခါမှာတော့ ဓာတ်တိုင်မှာ အမှန်တကယ်ကွေးနေကြောင်းတွေ့ရှိခဲ့ပါတယ်။ Narsha ကိုလည်းအဆိုပါရုပ်သံလိုင်းမှ ဓာတ်တိုင်နဲ့ပတ်သတ်ပြီး အင်တာဗျူးခေါ်ခဲ့ပါတယ်။ Narsha ကတော့ ဒီလို ဓာတ်တိုင်ကြောင့် အင်တာဗျူးအခေါ်ခံရတာ သူမအတွက်ပထမဦးဆုံးပါပဲတဲ့။ သူမတစ်ယောက် အံ့လဲအံ့သြ ရယ်လဲရယ်ချင်မိတယ် လို့ဆိုထားပါတယ်။
ကဲ ဒီလောက်ဆိုရင် Narsha ရဲ့အလှဟာ ပင်ကိုယ်အလှဆိုတာငြင်းစရာမလိုအောင် သေချာသွားပြီပေါ့နော်။