1. Home
  2. Special or Others

သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းတွင် မိန်းကလေးတစ်ဦး အပိုင်းပိုင်းခုတ်ဖြတ်သတ်ခံရ

Special or Others พ.ย. 26, 2561 view 1,536

မိန်းကလေးတစ်ယောက်ကို သတ်ဖြတ်ကာ အပိုင်းပိုင်းခုတ်ဖြတ်ထားသည့် အလာင်းထည့်ထားသော အိတ်များကို ရှာဖွေတွေရှိခဲ့ပြီးနောက် ရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနောက်ခံဖြစ်ရပ်ကြောင့် အုပ်စုလိုက် ပူးပေါင်းကြံစည် သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မာကာတီမြို့ The Lerato Residence Tower ကွန်ဒိုတိုက်ခန်း ၁၁ လွှာတွင် အသက် ၂၆ နှစ်အရွယ် Wan Yalei ဆိုသူ တရုပ်အမျိုးသမီးတစ်ဦး၏ အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို သတင်းပေးချက်အရ ရဲများက နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီက အဆိုပါ တိုက်ခန်းအတွင်း စစ်ဆေးတွေ့ရှိခဲ့သည်။


သူမရဲ့ ဦးခေါင်းနဲ့ ခြေလက်အင်္ဂါ သုံးခုတို့ကို သီးခြားအိတ်တစ်လုံးစီထဲတွင်တွေ့ရပြီး ခန္ဓာကိုယ်ရင်အုပ်ပိုင်းနဲ့ ညာဘက် ခြေထောက်တို့ကို သန့်စင်ခန်းထဲက လက်ဆွဲသေတ္တာတစ်ခုထဲ ထည့်ထားတာကို တွေ့ရှိခဲ့ရသည်။


ကွန်ဒိုရဲ့ အခန်းသန့်ရှင်းရေး သမားများက သွေးများရွဲနစ်နေသည့် အဝတ်အစားများ၊ အတွင်းခံများ၊ အသားစများနဲ့ ဓားတို့ကို အမှိုက်စွန့်တဲ့နေရာမှာ တွေ့ရှိခဲ့တာကြောင့် ရဲကိုသတင်းပေး တိုင်ကြားခဲ့တယ်လို့ မြိုတော်ရဲမှူးဖြစ်သူ Guillermo Eleazar က ပြောကြားခဲ့ပါတယ်။

စီစီတီဗီရုပ်သံကို ပြန်လည်စစ်ဆေးတဲ့အခါ အခန်းအမှတ် ၁၁၆ မှ တရုပ်အမျိုးသမီးတစ်ဦးက အထုတ်တွေကို အမှိုက်ပုံးထဲ ပစ်ချနေကြောင်း တွေ့ရှိခဲ့ရသည်။

ရဲတွေရောက်သွားချိန်မှာ ကွန်ဒိုအခန်းကနေ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ တရုပ်အမျိုးသမီး ၂ ဦး Zhang Chuning, Zhang Xi Xi နဲ့ အမျိုးသားတစ်ဦးဖြစ်တဲ့ Zhang Chu Quan တို့ကို အလောင်းရဲ့ အစိတ်အပိုင်းတွေပါတဲ့ အိတ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။


တစ်ချိန်ထဲမှာပဲ အဆိုပါအခန်းကို ရဲတွေနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာတဲ့ တရုပ်အမျိုးသမီး Wang Xue ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတ်ခံရသူနဲ့ ဖမ်းဆီးခံထားရသူတို့ဟာ သူငယ်ချင်းများ ဖြစ်ကြပြီး ဗုဒ္ဓဟူးနေ့ညက အခန်းမှာ အရက်အတူတူသောက်ခဲ့ကြပါတယ်။ ကြာသပတေးနေ့ နံနက်ပိုင်းထိ သောက်ခဲ့ကြပြီး မိုးလင်းပိုင်းမှာ Wan နဲ့ Chuning တို့ တရုပ်ပြည်မှာ ကျန်ခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ပက်သက်ပြီး စကားများရန်ဖြစ်ခဲ့ကြပြီးနောက် Wan က ဓားနဲ့ ထိုးရန် ကြိုးစားပေးမယ့် မအောင်မြင်ပဲ နောက်ဆုံးတွင် Chuning က ဓားကို ပြန်လုပြီး Wan ကို ထိုးသတ်ခဲ့ပါတယ်။ အဲဒီနောက် အလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ပြီး အစဖျောက်ရန် ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။



Follow us on