1. Home
  2. Movie Stars - Celebrity

ချစ်သူကိုမွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဖန်ဘင်းဘင်း

Movie Stars - Celebrity พ.ย. 26, 2561 view 1,733

ကမ္ဘာကျော်တရုတ်မင်းသမီး ဖန်ဘင်းဘင်းဟာ တရုတ်အစိုးရကိုအခွန်ရှောင်မှုနဲ့ တရားစွဲဆို ခံခဲ့ရတာလူတိုင်းအသိပါပဲ။ အမှုဖွင့်ခံရပြီးနောက်ပိုင်း ဖန်ဘင်းဘင်းဟာ ပြည်သူလူထုရှေ့က ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ လပိုင်းအနည်းငယ်ခန့် ကြာမြှင့်ခဲ့ ပါတယ်။

သူမဟာအခွန်ရှောင်တဲ့အတွက် တရုတ်အစိုးရကို ဒေါ်လာသန်းပေါင်း ၁၃၀ လျော်ကြေး ပေးဆောင်ပေးခဲ့ရပါတယ်။ သူမအတွက်တော့ ဒီနှစ်အတွင်းမှာကံဆိုးမှုတွေဆက်တိုက် ဖြစ်ပေါ်လာတယ်လို့ဆိုရမလားပဲ။ လျော်ကြေးပြီးရုံနဲ့ မပြီးသေးပဲ သူမတစ်ယောက် ဒုသမ္မတ ဝမ်ရှီချန်နဲ့ အတူအိပ်ထားတယ်ဆိုတဲ့ ဗွီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်း မှန်ကန်လား၊ မမှန်ကန်လားဆိုတာကို ဖန်ဘင်းဘင်းအနေနဲ့ ဘာမှတုန့်ပြန်ခြင်းတော့မရှိသေးပါဘူး။

လောကဓံရဲ့ အပြင်းထန်ဆုံးရိုက်ချက်တွေကို သူမတစ်ယောက်ကြံကြံခံ နေဆဲပါပဲ။ ဒီလို ကြံ့ကြံ့ခံနေနိုင်တယ်ဆိုတာကလဲ သူမကိုအမြဲတမ်းနားလည်းပေးပြီး ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ သူမကိုအမြဲအားပေးနေတဲ့ချစ်သူလိချန်ရှိနေလို့ပါပဲ။ သူမ ဒုသမ္မတနဲ့ ကောလာဟာလ သတင်းတွေထွက်ခဲ့စဉ်အချိန်တုန်းကလဲ လိချန်ဟာ “ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ ငါတို့အတူတူရင်ဆိုင်ကျော်ဖြတ်သွားကြမယ်” လို့ ရေးသားပြီး ချစ်သူကိုအားပေးခဲ့ပါတယ်။

လိချန်ဟာ ဖန်ဘင်းဘင်းကို ပြီးခဲ့တဲ့စက်တင်ဘာလမှကျရောက်ခဲ့တဲ့ သူမမွေးနေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ လှပတဲ့နေ့ရက်တွေပြီးတော့ ဒီလိုကံဆိုးမိုးမှောင် ကျတဲ့နေ့ရက်တွေကျရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ တကယ်တော့ သူမတို့ချစ်သူနှစ်ဦးဟာ ဒီနှစ်အတွင်းမှာပဲ လက်ထပ်ဖို့စီစဉ်ခဲ့ကြပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လက်မထပ်ဖြစ်ခဲ့ကြပါဘူး။

ပြဿနာတွေ ဒီလောက်ဖြစ်သွားခဲ့တာ သူတို့နှစ်ယောက်ကတော့အချိန်တန်ရင်ပြတ်သွားမှာပဲလို့ လူတွေက ထင်ကြပေမဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကြိုးဟာအခက်အခဲတွေကြားထဲကပိုမိုခိုင်မာလာပါတယ်။

ဖန်ဘင်းဘင်း တစ်ယောက်ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ လိချန်မွေးနေ့မှာ ကလေးဘဝက ဓာတ်ပုံလေးတွေနဲ့ စနောက်ကြည်စယ်ခဲ့ပါတယ်။ သူမတင်ခဲ့တာက we chat friend circle မှာတင်ခဲ့တာဖြစ်တဲ့အတွက် သူမနဲ့ we chat မှာ friend မဖြစ်သူတွေမမြင်ရပါဘူး။ ဘယ်လိုပဲ အခက်အခဲတွေရှိရှိ သူမတို့ ချစ်သူ နှစ်ဦးကြားကခိုင်မာတဲ့ သံယောဇဉ်ကိုတော့ ဘာနဲ့မှဖြတ်တောက်လို့မရပါဘူး။

အခုလက်ရှိမှာတော့ ဖန်ဘင်းဘင်းဟာ လိချန်နဲ့လက်ထပ်ပြီးရင်အနုပညာအလုပ်တွေ အကုန်လုံးကိုရပ်နားပစ်လိုက်တော့မယ် လို့သတင်းများထွက်နေပါတယ်။



Follow us on