1. Home
  2. Special or Others

လူတစ်ပိုင်း ဝက်တစ်ပိုင်း မွေးလာမှုကြောင့် ရွာသားများ ထိတ်လန့် (ရုပ်သံ)

Special or Others พ.ย. 26, 2561 view 2,311

ဖိလစ်ပိုင်နိုင်ငံ ကျေးရွာတစ်ရွာရှိ မွေးမြူရေးခြံတစ်ခြံတွင် ဆိတ်မကြီးတစ်ကောင် မီးဖွားခဲ့ရာ လူတစ်ပိုင်းဝက်တစ်ပိုင်း သတ္တဝါတစ်ကောင် မွေးဖွားလာသဖြင့် တောရွာဓလေ့ အယူအစွဲများအရ ကျိန်စာသင့်သည်ဟု မှတ်ချက်ပေးကာ ရွာသားများ ထိတ်လန့်နေကြသည်။


မွေးမြူရေးခြံပိုင်ရှင်နဲ့ မိသားစုများက အခုလို ထူးဆန်းတဲ့ သတ္တဝါမွေးလာတာကြောင့် ကံဆိုးခြင်းတွေ သူတို့မိသားစုအပေါ် ရောက်လာပြီလို့ ကြောက်ရွံ့ထိတ်လန့်လျှက်ရှိကြပါတယ်။ အချို့ရွာသားတွေက ဒါဟာ မကောင်းဆိုးဝါးက သန္ဓေရုပ်ပြောင်းလာတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

မွေးမြူရေးခြံပိုင်ရှင် အသက် ၄၀ နှစ်အရွယ် Josephine Repique ဆိုသူက သူ့ရဲ့ ကိုယ်ဝန်ဆောင် ဆိတ်မကြီးကို နိုဝင်ဘာလ ၂ ရက်နေ့က ဗိုက်ခွဲမွေးဖွားပေးခဲ့ရပြီး အထဲမှာ နှစ်ကောင် ထွက်လာရာ တစ်ကောင်မှာ ဆိတ်ကလေးဖြစ်ပြီး တစ်ကောင်ကတော့ ဝက်တစ်ပိုင်း လူတစ်ပိုင်း ထူးဆန်းတဲ့ သတ္တဝါဖြစ်နေကြောင်း ရှင်းပြခဲ့ပါတယ်။


ဒီအကောင်ဟာ လူသေးသေးလေးနဲ့ တူပြီး ဘာကောင်လည်းဆိုတာ ဘယ်သူမှ ခွဲခြား မသိနိုင်ပါဘူး၊ အရမ်းကြောက်မိပါတယ်။ ဒီလိုဖြစ်ရတာ ကျွန်မတို့ဆီကို ကံမကောင်းခြင်းတွေ ရောက်လာတာကြောင့်လားလို့ စိုးရိမ်မိပါတယ်” ဟု သူမက ပြောကြားခဲ့ပါတယ်။


ဖိလစ်ပိုင် တိရိစ္ဆာန်သုတေသနကျောင်းမှ ဒေါက်တာ Agapita Salces ဆိုသူက ဆိတ်မကြီးဟာ မျိုးဗီဇသန္ဓေပြောင်းလဲမှု ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ခဲ့ဟန်တူကြောင်း၊ ဖြစ်နိုင်တာ တစ်ခုက ခြင်ကိုက်ခံရတာကနေတစ်ဆင့် Rift Valley လို့ခေါ်တဲ့ အဖျားပိုးဝင်ပြီး သန္ဓေသားကို ထိခိုက်သွားတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဆိုပါရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး မဆင်ခြင်နိုင်တဲ့ လူတစ်ဦးတစ်ယောက် ကျူးလွန်မှုကြောင့် ဆိတ်မကြီးက အခုလို လူတစ်ပိုင်း ဝက်တစ်ပိုင်း သတ္တဝါတစ်ကောင် မွေးလာတယ်လို့လည်း ပြောဆိုနေကြဆဲဖြစ်ပါတယ်။



Follow us on