1. Home
  2. Movie Stars - Celebrity

မျက်နှာခွဲစိတ်ပြုပြင်ထားကြောင်း ဝန်ခံထားကြတဲ့ ကိုးရီးယားအနုပညာရှင်များ

Movie Stars - Celebrity พ.ย. 26, 2561 view 1,861

တောင်ကိုးရီးယားနိုင်ငံက မင်းသား၊ မင်းသမီးတော်တော်များများဟာ ပလက်စတစ် ဆာဂျရီလို့ခေါ်တဲ့ မျက်နှာခွဲစိတ်မွမ်းမံခြင်းအမှုကို ပြုလုပ်ထားကြတယ်ဆိုတာ အားလုံးအသိပါပဲ။ ခွဲစိတ်ပြုပြင်ထားကြတယ်ဆိုပေမဲ့ အမှန်အတိုင်းဝန်ခံကြသူတွေကတော့ ရှားလှပါတယ်။ အားလုံးထဲမှာ ဒီအနုပညာရှင်တွေကတော့ သူတို့ကိုယ်တိုင်ခွဲစိတ်ပြုပြင်ထားကြတယ်ဆို တာအမှန်အတိုင်းဝန်ခံထားကြတဲ့သူတွေဖြစ်ပါတယ်။

၁။ Park Min Young

တစ်ချိန်က မင်းသားချောလီမင်ဟိုနဲ့ City Hunter( အချစ်တိုက်ပွဲ) မှာကင်မ်နာနာလို့လူသိများပြီး အခုလက်ရှိမှာတော့ အတွင်းရေးမှူးကင်မ်လို့ လူသိများတဲ့ မင်းသမီး ပတ်ခ်မင်ယောင်းက သူမမျက်နှာခွဲစိတ်ပြုပြင်ထားကြောင်းကို သူမငယ်စဉ်ကဓာတ်ပုံကိုပြပြီးအတိအလင်းဝန်ခံခဲ့ပါတယ်။


၂။ Kim Hyun Joong

F4 မင်းသား ဂျီဟိုဆိုပြီးလူသိများခဲ့တဲ့ မင်းသားကင်မ်ဟွန်းဂျွန်းကလဲ နှာခေါင်းကိုခွဲစိတ်ပြုပြင်ထားတာပါတဲ့။


၃။ Lee Si Young

မင်းသမီး လီရှီယောင်းကလဲ မေးရိုးနဲ့ နှာခေါင်းကိုခွဲစိတ်ပြုပြင်ထားကြောင်းဝန်ခံ ထားပါတယ်။


၎။ DIA Jung Chae Yoon

မိန်းကလေးအဆိုတော်အဖွဲ့ DIA မှ အချောလေး ဂျောင်ချယ်ယွန်းကလဲ မျက်နှာခွဲစိတ်ပြုပြင်ဖူးကြောင်းကို သူမငယ်ငယ်တုန်းက ဓာတ်ပုံများပြပြီး ဝန်ခံခဲ့ပါတယ်။


၅။ UEE

မင်းသမီး ယူအီးဟာလဲ မေးရိုးများပြင်ခဲ့ပြီး မျက်ရစ်ဖော်ခဲ့ကြောင်း ဝန်ခံထားပါတယ်။


၆။ Super Junior Kyuhyun

အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ Super Junior မှ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ ကျူဟွန်း ဟာ သူ့ရဲ့နှားခေါင်းကအလွန်အမင်း ကြည့်မကောင်းဖြစ်ခဲ့တဲ့အတွက် ခွဲစိတ်ခဲ့တယ်ဆိုတဲ့အကြောင်း တီဗွီအစီအစဉ်တစ်ခုမှာပြောပြခဲ့ဖူးပါတယ်။


၇။ Goo Hara

တစ်ချိန်က KARA အဖွဲ့ဝင် မင်းသမီး ဂူဟာရာ ဟာ ခွဲစိတ်ပြုပြင်ဖူးကြောင်းကို သူမရဲ့ ငယ်ဘဝ ဓာတ်ပုံများပြချင်းအားဖြင့်ဝန်ခံခဲ့ပါတယ်။


၈။ Lee Da Hae

မြန်မာနိုင်ငံမှာ ချိုဝမ်လို့လူသိများတဲ့ မင်းသမီးလီဒါဟေး ကတော့ သူမမျက်ခွံများကိုခွဲစိတ်ပြုပြင်ထားတာပါ။ ပြီးတော့သူမက မျက်နှာကို V shape သဏ္ဍန်ပေါ်အောင်လဲခွဲစိတ်ပြုပြင်ထားပါတယ်တဲ့။




Follow us on