1. Home
  2. Movie Stars - Celebrity

လိင်တူချစ်သူခြင်း မင်္ဂလာဆောင်လိုက်တဲ့ ဂျက်ကီချန်းရဲ့သမီး

Movie Stars - Celebrity พ.ย. 27, 2561 view 1,936

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်း ရဲ့ သမီးဖြစ်သူ Etta Ng ဟာ သူမရဲ့ လိင်တူချစ်သူနဲ့အတူ နိုဝင်ဘာလ ၂၆ ရက် တနင်္လာနေ့ နံနက်ပိုင်းက လက်ထပ်လိုက်ပြီလို့ သူမရဲ့ အင်စတာဂရမ်ပေါ်ကနေ ကြေညာခဲ့ပါတယ်။


Etta Ng ဟာ ဂျက်ကီချန်းနဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်ခဲ့ဖူးတဲ့ အလှမယ် Elaine Ng တို့ရဲ့ သမီးဖြစ်ပါတယ်။ သမီးဖြစ်သူဟာ ဖခင် ဂျက်ကီချန်း (၆၄ နှစ်) ကို စိတ်နာနေသူဖြစ်ပြီး ဖခင်ရဲ့ ထောက်ပံ့မှုတွေကို ငြင်းဆန်ပြီး အဖေလို့တောင် အသိအမှတ်မပြုတဲ့ထိ သားအဖနှစ်ဦးကြား တင်းမာတဲ့ ဆက်ဆံရေး ရှိနေသူဖြစ်ပါတယ်။

မိခင်ဖြစ်တဲ့ Elaine Ng (၄၅ နှစ်) နဲ့လည်း စိတ်သဘောမတိုက်ဆိုင်တဲ့အတွက် အတူတူ မနေထိုင်ခဲ့တာကြာပြီဖြစ်ပါတယ်။ သူမဟာ လိင်တူချစ်သူ တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံထားပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကနေဒါနိုင်ငံသူ အင်စတာဂရမ်မော်ဒယ် Andi Autumn (သူမထက် အသက် ၁၂ နှစ်ကြီးသူ)နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

ဧပြီလတုန်းကလည်း သူတို့နှစ်ဦးဟာ အိမ်ခြေယာခြေမဲ့သူတွေ ဖြစ်နေပြီဆိုခဲ့အကြောင်း ယူကျူ့မှာ ငိုယိုပြီး ပြောကြားခဲ့တဲ့ ရုပ်သံလည်း ပရိသတ်တွေကြား ပျံ့နှံ့ခဲ့ပါသေးတယ်။ အခုတော့ သူတို့နှစ်ဦး လက်ထပ်လိုက်ကြပြီဖြစ်ပြီး ကနေဒါနိုင်ငံ အခြေစိုက် မီဒီယာကုမ္ပဏီတစ်ခုကို ထူထောင်နေပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပရော့ဂျက်တွေကိုပဲ လုပ်ဆောင်သွားမယ်လို့ ကုမ္ပဏီရဲ့ ဖေ့စ်ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


သူတို့နှစ်ဦး အနမ်းပေးနေတဲ့ ဓါတ်ပုံနဲ့တစ်ကွ လက်ထပ်စာချုပ်ကို ကိုင်ထားတဲ့ပုံကို သူတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေပေါ်မှာ “United by love & law. On our wedding day~" စာသားနဲ့အတူ အပြန်အလှန် တင်ထားတာကို တွေ့ရပါတယ်။



Follow us on