1. Home
  2. Movie Stars - Celebrity

အမိုက်စားစတိုင်တွေနဲ့ ဘာလီမှာ သာယာနေတဲ့မေ နဲ့ M ဆိုင်းလု

Movie Stars - Celebrity พ.ย. 28, 2561 view 2,389

မြန်မာ မော်ဒယ်တွေထဲမှာမှ အင်တာနေရှင်နယ်ဆန်ဆန် လန်းတဲ့ မော်ဒယ်လေး M Seng Lu  ဟာဘာလီကိုရောက်ရှိနေတာပါတဲ့။ ပြီးခဲ့တဲ့အောက်တိုဘာလမှာတုန်းက သူမဟာ မော်ဒယ် အောန်ဆိုင်း၊ မေဂရေ့စ်၊ မြတ်နိုးဝေ တို့ နဲ့အတူ  ရွှေနှစ်ရွှေ တို့ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအနေနဲ့ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့သူမဟာ ‘မေ’ နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆိုင်းလုနှင့် မေတို့ဟာ ဘာလီကျွန်းကိုဆိုက်ရောက်ခဲ့ကြပြီး La Brista Bali Restaurant ကိုသွားရောက် လည်ပတ်ခဲ့ကြပါတယ်။ ထိုစားသောက်ဆိုင်လေးဟာဆိုရင် သူ့အပြင်အဆင်က စားသောက်ဆိုင်မှာ ထိုင်နေရသလိုမျိုးမခံစားစေရပဲ ကမ်းခြေမှာရှိတဲ့ သင့်နေအိမ်မှာ အပန်းဖြေသလိုခံစားချက်မျိုးကိုရရှိစေမှာဖြစ်ပါတယ်။ ညအချိန်မှာဆိုရင် မီးရောင်မှိန်မှိန် လေးထွန်းပေးထားပြီး လေပြေညှင်းလေး တိုက်ခတ်တာလေးကို အေးအေးဆေးဆေးလေး ခံစားစေမှာဖြစ်ပါတယ်။  ဒါကတော့ M ဆိုင်းလု ထိုဆိုင်လေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးပဲဖြစ်ပါတယ်။


ပြီးတော့ ဆိုင်းလုနဲ့ မေတို့ ဘာလီကျွန်းဆွယ်မှာရှိတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေအကြိုက်တွေ့တဲ့ OMNIA Bali Day Club ကိုလဲ သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။ ထို Day Club မှာ တွေ့ရတဲ့ သူမတို့နှစ်ယောက်တွဲ ပုံများဖြစ်ပါတယ်။



La Plancha Bali လို့ခေါ်တဲ့ နာမည်ကြီး Bar restaurant ကိုလဲသွားရောက်လည်ပတ်ခဲ့ကြပါတယ်။


သဘာဝသစ်သီးများနဲ့ ပြုလုပ်တဲ့ ကိတ်များရောင်းချတဲ့နေရာမှာနာမည်ကြီးတဲ့ Balibola ကိုလဲ သွားရောက်လည်ပတ်ခဲ့ပါတယ်။


နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကတော့ Ayuterra Resort ရဲ့ ရေကန်ထဲမှာ ရေကူးရင်း တောတွင်းအလှကိုခံစားကြည့်ရှုကာ မနက်စာကို သုံးဆောင်ရတာပဲဖြစ်ပါတယ်။ ဆိုင်းလုရိုက်ပြထားတဲ့ပုံကိုကြည့်တာနဲ့တင် စိတ်ဝင်စားစရာကောင်းနေပါပြီ။


နောက်တစ်ခုကတော့ Bali Swing ပါပဲ။ တောထဲက ပိုကာဟွန်းတပ်စ် လူရိုင်းမင်းသမီးလေးလို နွယ်ကြိုးတွေ ပန်းတွေနဲ့ ရစ်နွယ်နေတဲ့ ဒန်းလှလှလေး ကိုစီးရမှာ ဖြစ်ပါတယ်။ ဒန်းစီးရင်း တောထဲမှာရှိတဲ့ ရှုခင်းများအားလုံးကိုအပေါ်စီးမှ မြင်နေရတာပါ။





Follow us on