1. Home
  2. Movie Stars - Celebrity

ဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့ထင်ထားသူနဲ့ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခံထားရတဲ့ နေခြည်ဦး

Movie Stars - Celebrity พ.ย. 28, 2561 view 2,233

မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး၊ နာမည်အကြီးဆုံး Beauty Blogger တစ်ယောက်အဖြစ် အချိန်တိုလေးအတွင်း ရပ်တည်နိုင်ခဲ့တဲ့ နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တွေကို အခိုင်အမာ သိမ်းပိုက်ဖမ်းစားထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဖက်ရှင်ရေးရာ၊ အလှအပရေးရာနဲ့ပတ်သက်တဲ့ အကြောင်းအရာကောင်းတွေကို တင်ဆက်မျှဝေပေးလေ့ရှိတာကြောင့် မိန်းမထုကြီးရဲ့အားထားစရာ chilli တစ်ယောက်ဖြစ်နေတာပဲဖြစ်ပါတယ်။



အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့အရှိကိုအရှိတိုင်း ချပြတတ်တဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားကြောင့်လဲ chillies တွေရဲ့အခိုင်အမာဝန်းရံအားပေးခြင်းကို ခံထားရတာပဲဖြစ်ပါတယ်။ နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်တာနဲ့အညီ မျက်စိဒေါက်ထောက်စောင့်ကြည့်ခံနေရသူတွေကြောင့် ဝေဖန်တိုက်ခိုက်မှုတွေနဲ့အမြဲမပြတ်ရင်ဆိုင်နေရတဲ့ ချီချီကတော့ အရာရာကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း သူမရွေးချယ်ထားတဲ့ လမ်းကိုသာအကောင်းဆုံးလျှောက်လှမ်းနေတဲ့ ထက်မြတ်တဲ့မိန်းမသားတစ်ယောက်ဆိုရင်လဲ မမှားပါဘူး။



အနုပညာလောကထဲကိုပါ ခြေလှမ်းစတင်ဝင်ရောက်နေပြီဖြစ်တဲ့ ချီချီကတော့ ရုပ်ရှင်ကားကြီးသုံးကားကိုရိုက်ကူးထားပြီး နောက်ထပ်ရုပ်ရှင်ကားတွေကို ရိုက်ကူးဖို့ကမ်းလှမ်းခြင်းခံထားရပါသေးတယ်။ အတိအကျ Confirm မဖြစ်သေးပေမယ့် ဘ၀မှာဘယ်တော့မှပြန်မဆုံတော့ဘူးလို့ ထင်ထားသူတွေနဲ့ ရုပ်ရှင်တွဲရိုက်ဖို့ပါ ကမ်းလှမ်းခံထားရတယ်ဆိုပြီး မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။



နေခြည်ဦးပြောထားတာကတော့ “ရုပ်ရှင်ရိုက်ဖို့က ပြောတော့ပြောထားတယ်၊ Confirm မဖြစ်သေးတဲ့ကားတွေက အရမ်းများနေတယ်။ ဒါပေမယ့် ဘ၀မှာဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့ ထင်ထားတဲ့သူတွေနဲ့ ရိုက်ဖို့ကားတွေလဲကမ်းလှမ်းခံရတဲ့အတွက် ၀မ်းလဲဝမ်းသာတယ်။ ကိုယ့်အတွက် Challenge ကြီးတစ်ခုအနေနဲ့လဲ ခံစားရတယ်။ ဒါပေမယ့် confirm မဖြစ်သေးတော့ ပြောရတာတော့သိပ်ခက်တယ်” ဆိုကာ မထင်မှတ်ထားသူတွေနဲ့ ရုပ်ရှင်တွဲရိုက်ဖို့က Challenge ကြီးတစ်ခုဖြစ်နေကြောင်း ပြောကြားသွားပါတယ်။



ဘ၀မှာဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့သူဆိုတာနဲ့ပတ်သက်ပြီး “ဘယ်လိုပြောရမလဲ၊ မထင်မှတ်ထားသူတွေပေါ့နော် ဒီဟာက။ ပြီးတော့ နေခြည်ကရုပ်ရှင်ရိုက်ထားတာ (၃) ကားပဲရှိသေးတာရယ် ရုပ်ရှင်တွေက တစ်ကားမှလဲ ရုံတင်ရသေးဘူး။ “ရန်သူ”ကားကတော့ မကြာခင်ရုံတင်တော့မယ်ဆိုတော့ အဲ့ကားလေးကို အရမ်းရင်ခုန်မိတယ်။ ဘ၀မှာ ပထမဆုံးဖြစ်တဲ့ရုပ်ရှင်ကားကို နေရာတစ်နေရာလဲရတယ်၊ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် နေခြည့်အနေနဲ့အရမ်းကို ဖိအားအရမ်းများပါတယ်။ အဲ့တော့ အဲ့ကားလေးရုံတင်ပြီးမှပဲ ရုပ်ရှင်ကားတွေ confirm တွေလုပ်ကြမယ်နဲ့တူတယ်။ ဒီဇင်ဘာမှာ တစ်ကား၊ ဇန်န၀ါရီလမှာ တစ်ကားပြောထားတာတွေတော့ ရှိတယ်” ဆိုကာ မကြာခင်ရုံတင်တော့မယ့် ရန်သူရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ရင်ခုန်မိကြောင်းကိုလဲ ပြောကြားသွားခဲ့ပါတယ်။



အောင်မြင်မှုတွေသာမက သာယာတဲ့အချစ်ရေးတစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ ချီချီကတော့ လက်ရှိမှာ ချစ်စရာကောင်းပြီးလှပတဲ့ ကောင်မလေးအသွင်ကနေ ဆံပင်တိုတို ဒီဇိုင်းဆန်းလေးနဲ့ ခပ်မိုက်မိုက်ကောင်မလေးအသွင်ကို ပြောင်းလဲလိုက်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ပထမဆုံးကိုယ်ပိုင် Brand တစ်ခုကနေ မိန်းကလေးတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ဒိုင်ယာရီစာအုပ်လေးကလဲ အလွန်ကိုရေပန်စားအောင်မြင်လို့နေပါတယ်။

Source_MC



Follow us on