1. Home
  2. Special or Others

ရေဆိုးပိုက်လုံးထဲကနေ တက်လာဖို့ကြိုးစားတဲ့ မြွေဟောက်ကြီး (ရုပ်သံ)

Special or Others พ.ย. 28, 2561 view 2,016

၎ ပေခန့်ရှည်လျားတဲ့ အဆိပ်ပြင်း မြွေဟောက်ကြီးတစ်ကောင်ဟာ ရေဆိုးထုတ် သံရေပိုက်လုံး ထဲကနေ ဝင်လာဖို့ကြိုးစားစဉ် သူ့ရဲ့ခန္ဓာကိုယ်နဲ့ မဆန့်တာကြောင့် သံပိုက်ထဲမှ ပြန်ထွက်ဖို့ ကြိုးစားရာမှာ ကိုယ်တစ်ပိုင်းတစ်နေပြီး ပါးပျဉ်းထောင်နေခဲ့တာကြောင့် လမ်းသွားလမ်းလာတွေ ထိတ်လန့်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အိုဒီရှားစီရင်စုမှာ ဖြစ်ပွားခဲ့ပြီး ဒါကိုတွေ့ခဲ့တဲ့ လူတစ်ယောက်က မြွေကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ Subhendu Malik ဦးဆောင်တဲ့အဖွဲ့ဟာ သံပိုက်လုံးကို လွှနဲ့ဖြတ်ကာ မြွေဟောက်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

တစ်ယောက်က သံပိုက်ကိုလွှနဲ့ဖြတ်ချိန်မှာ အခြားတစ်ယောက်က မြွေကိုအာရုံပြောင်းအောင် လုပ်နေရတဲ့ မြင်ကွင်းက အသည်းယားစရာကောင်းပါတယ်။ မိနစ် ၄၀ လောက်အကြာမှာတော့ မြွေကို သံပိုက်လုံးထဲကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။


မြွေဟာ ရုန်းလို့ ရရချင်းဆိုစလို ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လူတွေက ပြန်လည်ဖမ်းဆီးပြီး အိတ်ထဲထည့်ခဲ့ပါတယ်။ အဲဒီနောက် တောထဲမှာပြန်လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ မြွေဟာ သားကောင်နောက်ကို လိုက်ရင်း ရေပိုက်လုံးထဲ ဝင်မိဟန်တူပြီး ပြန်ထွက်မရပဲ ညပ်နေခဲ့တာဖြစ်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။



Follow us on