1. Home
  2. Movie Stars - Celebrity

အကောင့် ဟက်ခံရမလိုဖြစ်သွားတဲ့လီဂျောင်ဆော့ကြောင့် ဂယက်ရိုက်သွားတဲ့ဖန်များ

Movie Stars - Celebrity พ.ย. 29, 2561 view 1,459

သရုပ်ဆောင် လီဂျောင်ဆော့ ဟာပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သူ့ရဲ့ instagram account ဟက်ခံရမလိုဖြစ်ခဲ့ပါတယ်။ ဟက်ကာ က Samsung SM-J737S ကို အသုံးပြုပြီး Daejeon ဧရိယာနယ်ပယ်ကနေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လီဂျောင်ဆော့ဟာ  ဟက်ကာ ရဲ့ ဖုန်းအမျိုးအစားနဲ့ တည်နေရာကိုသိသိချင်းမှာပဲ screenshot ရိုက်ကာ သူ့ရဲ့ အကောင့်မှာပဲ ပို့စ်တင်ခဲ့ပါတယ်။

“ဘယ်သူလဲတော့မသိပေမယ့် ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ဗျာ” လို့ရေးသားခဲ့ပါတယ်။

ဒါကိုမြင်တဲ့ လီဂျောင်ဆော့ရဲ့ပရိတ်သတ်တွေက ဒါဟာမပေါ့ဆသင့်ကြောင်း Cyber Police နဲ့ ဆက်သွယ်ပြီးတိုင်ကြားသင့်ကြောင်းပြောဆိုလာကြပါတယ်။


“ဘယ်လိုတောင်လဲ……ရူးနေလား ဒီလိုအကောင့်လိုက်ဟက်နေတဲ့ကောင်တွေကို ထိထိရောက်ရောက်အပြစ်ပေးသင့်တယ်။”

“ရူးနေလား …. ဖော်လိုဝါ သန်းပေါင်း ၁၄ သန်းလောက်ရှိတဲ့အကောင့်ကို ဟက်ပြီးဘာလုပ်မလို့လဲ။ ဒီလိုနာမည်ကြီးတစ်ယောက်က သူ့အကောင့်မှာ private စကားတွေပြောပါ့မလား စဉ်းစားကြည့်လေ ၊ ဦးနှောက်မရှိဘူးနဲ့တူတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ဂျောင်ဆော့ က တရားဆွဲသင့်တယ်၊ ဒီတိုင်းငြိမ်ခံမနေသင့်ဘူး”

“ကြက်သီးတောင်ထတယ်၊ ဟက်ခံရတာကိုယ်မဟုတ်ပေမယ့်လည်း ဘယ်လိုလုပ်ပြီး သူများအကောင့်ကို ဟက်ရတာလဲ”

အစရှိသဖြင့် ဟက်ကာအား ကောင်းချီးပေးနေကြပါတယ်။

လက်တလောမှာ လီဂျောင်ဆော့မှမဟုတ်ပါဘူး တခြား အကောင့်ဟက်ခံရတဲ့အနုပညာရှင်တွေလဲအများကြီးရှိပါတယ်။ သူတို့ကတော့ twice အဖွဲ့မှ Jihyo  ၊ ဟာသအနုပညာရှင် Lee Guk Joo ၊ T-ara အဖွဲ့ ဝင် Qri တို့ပဲဖြစ်ပါတယ်။  သူမတို့ အကောင့်ဟက်ခံရတယ်ဆိုတာ သိသိချင်း ဆိုရှယ်မီဒီယာပေါ်မှာ ပရိတ်သတ်ကိုအသိပေးခဲ့တာကြောင့် ဟက်ကာက ပြန်လည်ထွက်ပြေးသွားတာဖြစ်ပါတယ်။

ဒီလိုနာမည်ဖျက်ချင်တဲ့ ဟက်ကာတွေရှိနေတဲ့အတွက် လီဂျောင်ဆော့ရဲ့ ပရိတ်သတ်တွေက လီဂျောင်ဆော့ကိုစိတ်ပူကြတာလဲမဆန်းပါဘူး။ အားလုံးပဲဆိုရှယ်မီဒီယာရဲ့ လှည့်စားမှုအောက်မှာ သားကောင်ဖြစ်မသွားကြဖို့မျှော်လင့်ပါတယ်။




Follow us on