1. Home
  2. Movie Stars - Celebrity

စစ်မှုထမ်းပြီး ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ဂျောင်အီဝူး

Movie Stars - Celebrity พ.ย. 30, 2561 view 1,608

ပရိတ်သတ်ကြီး ချစ်တဲ့မင်းသား ဂျောင်အီဝူးဟာ နှစ်နှစ်တာ စစ်မှုထမ်းပြီးနောက် ပရိတ်သတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။


ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ဟာ အီဝူးရဲ့ စစ်မှုထမ်းကာလနောက်ဆုံးရက်ဖြစ်တာကြောင့် သူ့ရဲ့ ပရိတ်သတ်တွေက သွားရောက် ကြိုဆိုခဲ့ကြပါတယ်။


သရုပ်ဆောင် ဂျောင်အီဝူးဟာ စစ်မှုထမ်းနေစဉ်ကာလအတွင်းမှာ ဆောချိုဂူအရပ်မှာရှိတဲ့ သူနာပြုဂေဟာ မှာ သွားရောက်ပြီး ပြည်သူအကျိုးသယ်ပိုး တဲ့ပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်နေခဲ့တာပါ။


အီဝူး စစ်မှုထမ်းပြီး ပထမဦးဆုံး ရိုက်မယ့်ဇာတ်ကားကတော့ Hatch ပါတဲ့။ ကိုးရီးယာလို ဟယ်ချီ လို့ အသံထွက်ပြီး မြန်မာလိုတော့ သတ်မှတ်ထားသောပြိုင်မျဉ်းများလို့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ဖို့ ဂျောင်အီဝူးကို အောက်တိုဘာလ ၃၀ ကတည်းက ကမ်းလှမ်းခဲ့တာပါတဲ့။ အဲ့ဒီအချိန်တုန်းက အီဝူးက စစ်တပ်ထဲမှာပဲရှိပါသေးတယ်။

ဒီ ဟယ်ချီလို့ ခေါ်တဲ့ဇာတ်လမ်းတွဲမှာ အီဝူးနဲ့အတူ အဓိကဇာတ်ဆောင်မင်းသမီး အဖြစ် မင်းသမီး ဂိုအာရာက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ တခြားအရံဇာတ်ဆောင်တွေအနေနဲ့ မင်းသား ကွမ်ယောလ် နဲ့ ပတ်ဟွန်း တို့က အားဖြည့် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဂျိုဆွန်းခေတ်က တရားမျှတမှုကို အကာအကွယ်ပေးတဲ့ ဟယ်ချီဆိုတဲ့ လူတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်က မျဉ်းပြိုင်များဆိုတဲ့အတိုင်း ဂျိုဆွန်းခေတ်မှာ မတူညီတဲ့ဘဝလမ်းကြောင်းကိုလျှောက်လမ်းနေကြတဲ့ လူလေးယောက်အကြောင်းကို ပုံဖော်ရိုက်ကူးသွားမယ်လို့သိရပါတယ်။

ဒီဇာတ်လမ်းထဲမှာ အီဝူးက သာမန်အရပ်သူမိခင်မှမွေးဖွားလာပြီး တော်ဝင်မင်းသားတစ်ပါးအဖြစ် အသိအမှတ်မပြုခံရတဲ့ မင်းသား Lee Geum အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဂိုအာရာကတော့ စစ်ဆေးရေးအရာရှိတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းမှုထမ်းအရာရှိဖြစ်ဖို့အတွက် စာမေးပွဲဖြေရာမှာအခက်အခဲတွေနဲ့ကြုံတွေ့နေရပေမဲ့ ပြည်သူတွေအပေါ် ကြင်နာသနားတတ်တဲ့သခင်လေး Park Moon Soo အဖြစ် ကွမ်ယောလ် ကသရုပ်ဆောင်ထားပြီး နည်းတွင်းသူလေးတွေ ကြိတ်ကြွေရတဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့ နာမည်ကြီးဖျော်ဖြေရေးသမား Dal Moon အဖြစ် မင်းသား ပတ်ဟွန်း ကသရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို Lee Young Seok ကရိုက်ကူးတာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း အတိအလင်းကြေငြာထားပါတယ်။




Follow us on