နာမည်ကြီး K-pop star လဲဖြစ်၊ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ရုံသာမက ယခုဆိုရင် ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုကိုတည်ထောင်ထားတဲ့ အဆိုတော် Rain ဟာ သူ့ရဲ့ အနုပညာခြေလှမ်းသစ်တွေအကြောင်းကို ပြောကြားလာပါတယ်။
Rain ဟာဆိုရင် သူ့ရဲ့ တောင်းတင်းတဲ့ကိုယ်ခန္ဓာ၊ ကျစ်လစ်ပြီး ယောင်္ကျားပီသတဲ့ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်မှုတို့ကြောင့် လူသိများကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ သာမက အနုပညာအရည်အချင်းမှာလည်းပြောစရာမလိုအောင်ပါပဲ။ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Rain ရဲ့ Ninja Assassin ဆိုတဲ့ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကြီး ဟာဆိုရင် အရမ်းကို ပေါက်မြောက်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ Rain ဟာ မင်းသမီး Kim Tae Hee နဲ့ သမီးလေးတစ်ယောက်ရရှိထားပြီးသာယာလှပတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက Rain ရဲ့ အနုပညာ လှုပ်ရှားမှုတွေ နည်းလာပါတယ်။ သူ့အနေနဲ့ business ပိုင်းကိုပဲ ပိုဂရုစိုက် ဖြစ်နေလို့ပါလို့ ဖြေရှင်းထားပါတယ်။
Rain ဟာ ၁၉၉၈ ခုနှစ်ကတည်းက Jung Ji Hoon ဆိုတဲ့နာမည်နဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလို နှစ်တွေအကြာကြီး အနုပညာလောကမှာ Rain ဆိုတဲ့နာမည်တစ်ခုနဲ့ အကြာကြီး ရပ်တည်နေနိုင်တဲ့ လျှို့ဝှက်ချက်က ဘာများလဲဆိုတော့ Rain ကဒီလို ဖြေကြားထားပါတယ်။
“ကျွန်တော့်အထင်အရေးအကြီးဆုံးကတော့ အမြဲတမ်းကြိုးစားအားထုတ်နေရပါတယ်။ ထိုကဲ့သို့ ကြိုးစားအားထုတ်နေရတာကိုလဲ မောပမ်းတယ်လို့ မသတ်မှတ်ပဲ ဒါကိုပဲလိုချင်လို့ ရူုးရူးမူးမူး ကြိုးစားတာမျိုးကိုပြောတာပါ။ ကျွန်တော်လုပ်သမျှ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါတယ်။ အကောင်းဆုံးလုပ်ရင်တော့ အကောင်းဆုံးတွေဖြစ်လာမှာပါ။” လို့ ပြောကြားထားပါတယ်။
ပြီးတော့ Rain က သူ့ရဲ့ အနုပညာလှူပ်ရှားမှုနဲ့ ပတ်သတ်ပြီးပြောကြားထားပါတယ်။ သူအားလုံးအတွက် idol group တစ်ခုစီစဉ်နေတာပါတဲ့။ ထိုအဖွဲ့မှာ ယောင်္ကျားလေးတွေ ရော၊ မိန်းကလေးတွေပါ ပါဝင်တာဖြစ်တဲ့အတွက်စိတ်ဝင်စားစရာ ကောင်းလာမှာပါ လို့ပြောကြားထားပါတယ်။ အခုတော့ အဆိုပါ idol group အတွက် လေ့ကျင့် နေဆဲ ကာလမို့ စောင့်ကြည့်ကြပါဦးလို့ ပြောကြားထားပါတယ်။
ထို့အပြင် Rain ကသူ့ရဲ့ ဖက်ရှင်အမြင်နဲ့ ပတ်သတ်ပြီးဝေမျှထားပါတယ်။ သူကအမြဲတမ်း လက်မှာ လက်ပတ်နာရီတစ်လုံးပန်ဆင်ထားရတာကို ကြိုက်နှစ်သက်ပါတယ်တဲ့။ ရတနာ ပစ္စည်းတို့ ဖန်စီတို့ အစရှိတဲ့ အရောင်တောက်တဲ့ အရာတွေကိုလဲကြိုက်နှစ်သက်ပေမဲ့ အမြဲတမ်းတော့ မပန်ဆင်ဖြစ်ဘူး။ နာရီကိုတော့ အမြဲတမ်း လက်မှာပတ်ထားဖြစ်ပြီးအဲ့တာက သူ့ကိုစမတ်ကျစေဖို့ တစ်ထောင့်တစ်နေရာက ကူညီပံ့ပိုးပေးနေတယ်လို့ ခံစားရစေပါတယ် လို့ဆိုပါတယ်။
Rain ဟာ ၂၀၁၅ ခုနှစ်မှာ R.A.I.N ဆိုတဲ့ ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး CEO တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီမှာ အဆိုတော်များ၊ သရုပ်ဆောင်များ ပါရှိပြီး ဟောလိဝုဒ် ဖျော်ဖြေရေးကုမ္ပဏီများနဲ့လဲ ချိတ်ဆက်ထားတယ်လို့သိရပါတယ်။