1. Home
  2. Movie Stars - Celebrity

လူမှုအကျိုးပြု ပရဟိတထူးချွန်ဆုတွေကို ကိုယ်စီရရှိခဲ့ကြတဲ့ ခိုင်နှင်းဝေနဲ့ ဝေဠုကျော်

Movie Stars - Celebrity ธ.ค. 03, 2561 view 1,826

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့နှစ်ဦးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ရရှိထားသူတွေပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးတော့ ကိုယ်ကျိုးကိုမကြည့်ပဲ ပရဟိတအလုပ်တွေမှာလဲ ကိုယ်ရောစိတ်ပါနှစ်ကာ စွမ်းစွမ်းတမံ ကူညီပါဝင်ဆောင်ရွက်ပေးတတ်သူတွေဖြစ်တာကြောင့် လူအများက လေးစားချစ်ခင်နေကြရတာလဲဖြစ်ပါတယ်။



အများပြည်သူအတွက် ပရဟိတလုပ်ငန်းတွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေကြတဲ့ မွန်မြတ်သော စိတ်ထားပိုင်ရှင်တွေဖြစ်ကြတဲ့ ခိုင်နှင်းဝေနဲ့ ဝေဠုကျော် တို့နှစ်ယောက်ကတော့ လူမှုအကျိုးပြု ပရဟိတထူးချွန်ဆုကို ကိုယ်စီရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။ ထူးချွန်စံပြဆုကို ရရှိပိုင်ဆိုင်သွားတာနဲ့ပတ်သက်ပြီး ခိုင်နှင်းဝေတစ်ယောက် “အတိုင်းမသိ ၀မ်းသာပီတိဖြစ်မိပါတယ်ရှင်” ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ၀မ်းသာပီတိတို့နဲ့ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။




Hope Charity Myanmar မှ ၂၀၁၈ ခုနှစ်အတွက် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေနဲ့ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးတဲ့ အနုပညာရှင်တွေကို ရွေးချယ်ချီးမြှောက်ခဲ့တာပဲဖြစ်ပါတယ်။ ထိုသို့ရွေးချယ်ရာမှာတော့ လူမှုအကျိုးပြု ပရဟိတထူးချွန်ဆုကို သရုပ်ဆောင်ဝေဠုကျော်နှင့် ဝေဠုကျော်ဖောင်ဒေးရှင်း၊ သရုပ်ဆောင်ခိုင်နှင်းဝေနှင့် ခိုင်နှင်းဝေဖောင်ဒေးရှင်း၊ ရုပ်ရှင်သရုပ်ဆောင် မိုခမ်းတို့မှ အသီးသီးရရှိခဲ့တာဖြစ်ပြီး လူမှုအကျိုးပြု ပရဟိတဂုဏ်ထူးဆောင် သံအမတ်ဆုကိုတော့ တေးသံရှင် ယဉ်မျိုးသူမှရရှိခဲ့တာပဲဖြစ်ပါတယ်။






Follow us on