1. Home
  2. Movie Stars - Celebrity

ရိုက်ကူးရေးမှာ ဒဏ်ရာရလို့အရေးပေါ်ခန်းရောက်ခဲ့ရတဲ့ ချွဲမင်ဟို

Movie Stars - Celebrity ธ.ค. 03, 2561 view 1,827

Shinee အဖွဲ့ဝင် ချွဲမင်ဟိုတစ်ယောက် လက်ရှိရိုက်ကူးနေတဲ့ သူ့ရဲ့အသစ်ထွက်ရှိမယ့်  Movie ဇာတ်ကား Jang Sari 9.15 ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့လို့ အရေးပေါ်ခန်း ကိုရောက်ခဲ့ရပါတယ်။

သူ့ရဲ့ အေဂျင်စီပြောကြားချက်အရ ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ effect ထည့်ဖို့ အသုံးပြုခဲ့တဲ့ ဖန်ကွဲစတွေက ၎င်းရဲ့ မျက်နှာကိုထိခိုက်မိတယ်လို့ ပြောကြားထားပါတယ်။


ဒီဇင်ဘာလ ၂ ရက်နေ့ ယောင်ဒုတ် မှာ ရိုက်ကူးတဲ့ ရိုက်ကူးရေးမှာဖြစ်ပွားခဲ့တာပါ။ မင်းသားချွဲမင်ဟိုရဲ့ မျက်နှာ ဘယ်ဘက်အခြမ်းမှာ ဖန်ကွဲစတွေနဲ့ ထိရှခဲ့ပြီးပွန်းပဲ့ခဲ့တယ် လို့ ၎င်းရဲ့ အေဂျင်စီ SM enteratainment ကတရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဆိုပါ မတော်တဆမှုဖြစ်လျှင်ဖြစ်ချင်း ရိုက်ကူးရေးအဖွဲ့သားများက မင်ဟိုကို အရေးပေါ် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မင်ဟို တစ်ယောက် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ရိုက်ကူးရေးကိုလဲ နောက် သုံးလေးရက်လောက် ဆုတ်လိုက်ရပါတယ်။ ချွဲမင်ဟိုကလဲ ဆေးကုသမှုခံယူပြီး ဒဏ်ရာပျောက်ကင်းရင် သူ့ရဲ့ရိုက်ကူးရေးကိုပြန်လည်စတင်မယ်လို့ပြောကြားထားပါတယ်။


Jangsari 9.15 ဟာဆိုရင် ၁၉၅၀ ခုနှစ် အင်ချွန်းမှာဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ အကြီးမားဆုံးစစ်ပွဲကြီးကို သမိုင်းနောက်ခံ ရိုက်ကူး ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ထိုခေတ်အခါတုန်းက တောင်ကိုးရီးယားဟာ စစ်ပွဲကို အနိုင်ရရှိလိုတဲ့အတွက် ၂ ပတ်တိတိသာ စစ်ရေးလေ့ကျင့်ပေးထားတဲ့အသက် ၁၇ နှစ်အရွယ်ကျောင်းသား ၇၇၂ ဦးကို စစ်မြေပြင်သို့ပို့ဆောင်ခဲ့ပါတယ်။ ချွဲမင်ဟို က ထို စစ်သား ကျောင်းသား ၇၇၂ ဦးထဲမှ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် တခြား အနုပညာရှင်တွေကတော့ နာမည်ကြီး ဟောလိဝုဒ်မင်းသမီးကြီး Megan Fox ၊ Kim Myung Min နဲ့ Kwak Si Yang တို့ပဲဖြစ်ပါတယ်။



Follow us on