1. Home
  2. Movie Stars - Celebrity

ထူးခြားဆန်းပြားတဲ့ ဘီကီနီပုံစံ ကိတ်မုန့်လေးနဲ့ Surprise လုပ်ခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်

Movie Stars - Celebrity ธ.ค. 04, 2561 view 1,606

ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ အများကချစ်ခင်အားပေးကြရတဲ့ သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ အသက် (၃၁) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ အပျိုကြီးမမတစ်ယောက်ရဲ့ဂုဏ်ကို ထိန်းသိမ်းထားဆဲဖြစ်တဲ့ သင်ဇာကတော့ ဆွဲဆောင်မှုပြင်းတဲ့ အမိုက်စားဘော်ဒီနဲ့ ပုရိဿအပေါင်းကိုဖမ်းစားထားသူတစ်ယောက်ပဲဖြစ်ပါတယ်။Sexy ကျကျအ၀တ်အစားဝတ်တွေကို ၀တ်ဆင်ရတာကြိုက်နှစ်သက်တဲ့ သင်ဇာတစ်ယောက် ယနေ့မွေးနေ့မှာတော့ ချစ်ရသူတွေက သူမကိုထူးခြားဆန်းပြားတဲ့ ကိတ်မုန့်လေးနဲ့ Birthday surprise လုပ်ပေးခဲ့ကြပါတယ်။




မွေးနေ့ညလေးမှာ ချစ်ရတဲ့သူတွေက သူမအတွက်လုပ်ပေးခဲ့တဲ့ မွေးနေ့ကိတ်လေးကတော့ Sexy ဆန်ဆန် ဘီကီနီဝတ်စုံပုံစံကိတ်မုန့်လေးပဲဖြစ်ပါတယ်။ ဘယ်မှာမှ မမြင်မတွေ့ဘူးသေးတဲ့ ကိတ်မုန့်ပုံလေးကတော့ သင်ဇာ့အတွက်သာမက မြင်ရသူတွေအတွက်ကော ထူးဆန်းနေခဲ့တာတော့ အမှန်ပါပဲနော်။ မွေးနေ့ညလေးမှာ ထူးခြားဆန်းပြားတဲ့ Surprise လေးကြောင့် ပျော်ရွှင်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်....







Follow us on