1. Home
  2. Myanmar News

မုန့်ဝယ်ကျွေးမည်ဟု အမျိုးသမီးတစ်ဦးက ကလေးသုံးယောက်ကို လက်ဆွဲလိမ်လည်ခေါ်ဆောင်သွား

Myanmar News ธ.ค. 04, 2561 view 1,668

မနေ့က လှိုင်သာယာမြို့နယ် ၁၅ရပ်ကွက် အ.လ.က ၁၃ ကျောင်းမှ တတိယတန်းကျောင်းသူ ၉ နှစ်သမီး ၊ ဒုတိယတန်းကျောင်းသူ ၆ နှစ် သမီးနှင့် သူငယ်တန်းကျောင်းသူ ၅နှစ်သမီးလေးတို့ကို မုန့်ဝယ်ကျွေးမည်ဟု အမျိုးသမီးတစ်ဦးက လက်ဆွဲလိမ်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။


ကလေးတစ်ယောက်မှသတိဝင်လာပြီး လိမ်လည်ခေါ်ဆောင်သည်ကိုသိ၍ထွက်ပြေးရာ မြေတိုင်း ၂၂ ရေတံခါးလမ်း မှရပ်ကွက်လူကြီးများနှင့်တွေ့၍ ကလေးငယ်မှငို၍ပြောပြသဖြင့် အချိန်မှီ ဆိုင်ကယ်ဖြင့်လိုက်ဖမ်းရာ အောက်ဖော်ပြပါပုံတွင်ပါရှိသောအသက်၂၈အရွယ်ရှိ မိန်းမတစ်ဦးအားကလေးနှင့် အတူဖမ်းဆီးရမိခဲ့ပါတယ်။


ကလေးနှစ်လေးသုံးဦးကို ခေါ်ဆောင်သွားသော မိန်းမ ကို ရပ်ကွက်လူကြီးများမှစစ်ဆေး၍ ရဲစခန်းသို့ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ယခုလို ဖြစ်စဉ်ကို ထိုနေရာ၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည်ဟုသိရှိရပါသည်။
ကျောင်းသားကျောင်းသူမိဘများအနေဖြင်ကလေးငယ်များအား ကျောင်းကြိုကျောင်းပို့ သတိဝီရိယဖြင့် ပို့ဆောင်ပေးကြပါ။

အဲ့လိုလူမျိုးတွေကို ဘယ်လိုပြစ်ဒဏ်ပေးသင့်လဲ..?

သတင်းရင်းမြစ် လွန်းပျံ



Follow us on