1. Home
  2. Movie Stars - Celebrity

သီချင်းထဲမှာ ဂျက်စတင်ဘီဘာကို ဝေဖန်စော်ကားလိုက်တဲ့ Eminem

Movie Stars - Celebrity ธ.ค. 04, 2561 view 1,943

Eminen ဆိုတာကမ္ဘာကျော်လူဖြူရက်ပ်ပါ တစ်ယောက်ဆိုတာလူတိုင်းသိပဲမဟုတ်ပါလား။ သူ့သီချင်းတွေကလဲ ဆယ်စုနှစ်တစ်ခုအထိပေါက်ခဲ့တာ ယနေ့အချိန်ထိပါပဲ။ ယခုလက်တလော ဟိုးလေးတကျော်ကျော်ဖြစ်သွားတာကတော့ Eminen က ဂျက်စတင်ဘီဘာကိုရှုံချပြောဆိုလိုက်တာပါပဲ။ သူ့ရဲ့ အသစ်ထွက်ရှိထားတဲ့ freestyle rap video မှာ သီချင်းစာသားမှာထည့်သွင်းသီဆိုခဲ့တာဖြစ်ပါတယ်။ freestyle ဆိုတာက rapper တွေ စာသားကြိုစပ်ထားခြင်းမျိုး မရှိပဲ ဒီတိုင်းကာရန်ညီညီ လက်တန်းရွတ်ခြင်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။မြန်မာရက်ပ်ပါတွေမှာတော့ ဒါမျိုးမရှိသေးပါဘူး။


 Eminen တစ်ယောက် MGK (Machine Gun Kelly) နဲ့ diss နေတာအချိန်တစ်ခုကြာခဲ့ပြီဖြစ်ပြီး သူတို့ ဟောလိဝုဒ် ဂီတလောကမှာလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။

diss တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်အပြစ်ရှာပြီး ဝေဖန်ရှုံချတာကိုပြောတာဖြစ်ပါတယ်။ ဒါကတော့ Hip Hop ရဲ့ထုံးစံတစ်ခုပါ။


ဒီနှစ်အတွင်းမှာ Eminen diss ခဲ့တဲ့လူတွေက အများကြီးပါပဲ။ JB တို့ MGK တို့မှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာလည်း Justin Bieber ၊ Drake ၊ Rhihanna နဲ့ Rick Ross တို့ကို diss ဖူးပါတယ်။

Kick off ဆိုတဲ့ သီချင်းထဲမှာ သူ diss လိုက်တာ Justin Bieber တစ်ယောက်ထဲမဟုတ်ပါဘူး။ Ariana Grande ကိုလဲ diss ခဲ့တာဖြစ်ပါတယ်။


Eminen ဆိုတာတော်ရုံ diss တတ်တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ သူဒီလို DISS တယ်ဆိုတာ တော်တောကြည့်မရလို့ diss တာလို့ သူ့ပရိတ်သတ်များက ပြောထားပါတယ်။

Ariana ကိုတော့ “Ariana Sing our last song of the evening” ဆိုပြီး diss ခဲ့ပေမယ့် ariana ကို ထိခိုက်စေတဲ့စကားလုံးတစ်လုံးမှမပါဝင်ခဲ့ပါဘူး။

ဂျက်စတင်ဘီဘာကိုတော့ “Justin Bieber in a Catholic School, Selling dust and reefer when your back is to him/ don’t adjust your speaker” ဆိုပြီး diss ခဲ့ပါတယ်။ ဆိုလိုတာက ဂျက်စတင်ဘီဘာကိုသာ မင်းတို့စောက်ဖက်မလုပ်ခဲ့ဘူးဆိုရင် ဒီချိန်မှာ အဲ့ကောင် ရိုမန်ကတ်သလစ်ဘုရားကျောင်းမှာစာသင်နေပြီး အသုံးမကျတဲ့ ခါးတိုသဘောင်္သားအင်္ကျီရောင်းနေရလောက်ပြီလို့ ပြောတာဖြစ်ပါတယ်။ ပြီးတော့ သူက don’t adjust your speaker ဆိုပြီး သူပြောတာ ဂျက်စတင်ကို ဒဲ့ပြောတာဖြစ်ကြောင်း speaker ကိုသံသယဝင်မနေနဲ့ ငါအဲ့ကောင်ကိုပြောတာ ဟုတ်တယ်ဆိုတဲ့ သဘောနဲ့ ဆိုထားတာဖြစ်ပါတယ်။


ပြီးတော့ သူက Chirstina Aguilera ကိုနာမည်တပ်ပြီး လှပတဲ့အဆိုတော်တစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ သီချင်းစာသားထဲမှာထည့်ဆိုခဲ့ပါတယ်။

<


ထိုသူတွေကို ပယ်ပယ်နှယ်နှယ် diss ထားတဲ့ Eminen ရဲ့ freestyle video ကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး

 

 


 



Follow us on