1. Home
  2. Special or Others

မွေးကင်းစ ကလေးငယ်ရဲ့ မျက်နှာကို အတင်းဖျစ်ညှစ်တဲ့ သူနာပြု အလုပ်ထုတ်ခံရ (ရုပ်သံ)

Special or Others ธ.ค. 05, 2561 view 1,936

မွေးကင်းစ ကလေးငယ်ဆိုတာ အလွန့်အလွန်နုနယ်ပါတယ်။ ဒါပေမယ့် နေ့စဉ်မြင်နေကြလို ဖြစ်လာတဲ့အခါမှာတော့ ဒီအချက်ကို သတိမထားနိုင်တော့တဲ့ သူနာပြုဆရာမနဲ့ အပေါင်းအသင်းတွေက မွေးကင်းစကလေးငယ်ရဲ့ ဦးခေါင်းကို အတင်းဖိညှစ်ပြီး ကလေးငယ်ရဲ့မျက်နှာပုံသဏ္ဍန်မျိုးစုံဖြစ်အောင် လုပ်ပြီးတော့ အပြောင်အပျက်အနေနဲ့ ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

ဒီဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့အခါမှာတော့ ဝေဖန်ထိုးနှက်မှုများစွာခံခဲ့ရပြီး ကျူးလွန်ခဲ့တဲ့ သူနာပြုဆရာမတွေကို အလုပ်ကထုတ်ပယ်ခံရသလို သူတို့ရဲ့ သူနာပြုလိုင်စင်တွေလည်း ပြန်သိမ်းခံခဲ့ရပါတယ်။


ဒီရုပ်သံဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ Taif မှာရှိတဲ့ မိခင်နဲ့ကလေးဆေးရုံပေါ်မှာ ရိုက်ကူးခဲ့တာပါ။ သူနာပြုဆရာမတစ်သိုက်ဟာ ကလေးငယ်ရဲ့ လည်ပင်းနဲ့ ဦးခေါင်းပေါ်ကနေညှစ်ပြီး မျက်နှာပုံစံအမျိုးမျိုးဖြစ်အောင် ဖော်ပြီး ရယ်ပွဲဖွဲ့ခဲ့ကြပါတယ်။ ကလေးဟာ အခုလို လုပ်ခံလိုက်ရတာကြောင့် ဆီးလမ်းကြောင်း ထိခိုက်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကျူးလွန်ခဲ့တဲ့ သူနာပြုဆရာမတွေရဲ့ အမည်နာမတွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမယ့် ချက်ခြင်းဆိုသလို အရေးယူအလုပ်မှ ထုတ်ပယ်ပြီး လိုင်စင်တွေလည်း ပြန်ရုပ်သိမ်းခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လောက်တောင်များ ဆိုးရွားလိုက်သလဲဆိုတာ ရုပ်သံကိုကြည့်ပြီး ဝေဖန်ခဲ့ကြပါဦး။




Follow us on