1. Home
  2. Movie Stars - Celebrity

ဖခင်အရင်းကြောင့် ငွေညစ်ခြိမ်းခြောက်မှုကိုခံခဲ့ရတဲ့ Tiffany Hwang

Movie Stars - Celebrity ธ.ค. 06, 2561 view 1,670

Girls’ Generation အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Tiffany Hwang ဟာသူမရဲ့ မိသားစုအရေးကိစ္စများနဲ့ ပတ်သတ်ပြီး ပရိတ်သတ်ကိုထုတ်ဖော်ပြောလေ့သိပ်မရှိပါဘူး။ အခုလက်ရှိမှာ ပေါ်လာတဲ့ပြဿနာတစ်ခုကြောင့် သူမအဖေနဲ့ ပတ်သတ်တဲ့အကြောင်း ကိစ္စတွေကို ပရိတ်သတ်ကိုဝန်ခံခဲ့ရပါတယ်။ မိမိဖခင်အရင်းရဲ့ မကောင်းသတင်းဖြစ်တာကြောင့် သူမ ပြောလိုက်ရင်လဲကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးတဲ့အတွက်မပြောပဲ ငြိမ်ခံနေခဲ့တာ နှစ်တွေကြာလှပြီဖြစ်ပါတယ်။


Tiffany ရဲ့ အမေဖြစ်သူက သူမအသက် ၁၂နှစ်အရွယ်မှာဆုံးပါးသွားခဲ့ပြီး ဖခင်နဲ့ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နဲ့ကျန်ခဲ့ပါတယ်။ သူမရဲ့ ဇာတိကတော့ LA လော့စ်အိန်ဂျလိစ်ဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ သူမလက်ရှိ LA မှာမိသားစုနဲ့ နေထိုင်နေတယ်လို့ ထင်မှတ်နေကြတာဖြစ်ပြီးအမှန်ကတော့ သူမဟာဖခင်နဲ့လဲအဆက် အသွယ်မရှိသလို  တခြားမောင်နှမတွေနဲ့လဲအတူနေထိုင်ခြင်းမရှိပါဘူး။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်နေ့က အမည်မဖော်လိုသူတစ်ဦးက Tiffany ရဲ့အဖေအကြောင်းကိုမီဒီယာတွေကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ လောက်မှာ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာ Tiffany ရဲ့ အဖေက ၎င်းကို ငွေလိမ်ခဲ့ပါတယ်။ ငွေလိမ်ပြီးထွက်ပြေးနေခဲ့တာ ၂၀၁၈ ဧပြီလပိုင်းမှ အဆက်အသွယ်ပြန်ရတယ်လို့ဆိုပါတယ်။ Tiffany အဖေ Mr.Hwang ဟာ ကျန်းမာရေးအရ ခွဲစိတ်မှုပြုလုပ်နေတယ်ဆိုပြီးထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်။ သူဒီလို ငွေလိမ်ပြီးထွက်ပြေးခဲ့တဲ့ ကိစ္စရပ်တွေကလဲတစ်ခုထက်မနည်းရှိနေတာဖြစ်ပြီး သူ့ကိုထိန်းချုပ်ဖို့အတွက်လူဆိုးဂိုဏ်းများကိုငှားရမ်းပြီး ဖမ်းခိုင်းခြင်းမျိုးတွေတောင် ရှိခဲ့တယ်လို့ဆိုပါတယ်။


Tiffany ဟာအဆိုတော်ဖြစ်ပြီး အောင်မြင်လာတဲ့အချိန်ကတည်းက သူ့အဖေ အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ တစ်ခုခုဆို သူမနာမည်ကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် သူမအဖေရဲ့အကြွေးတွေကိုဆပ်နေခဲ့ရတာပါ။


အခုလက်ရှိမှာတော့ အဖေဖြစ်သူရဲ့ ကိစ္စတွေအကုန်ပေါ်သွားပြီဖြစ်တဲ့ သူမအမှန်အတိုင်းဝန်ခံလိုက်ပါတယ်။ သူမအဖေကိစ္စနဲ့ပတ်သတ်ပြီးပရိတ်သတ်ကိုတောင်းပန်စာ သဝဏ္ဏလွှာရေးသားခဲ့ပါတယ်။


Tifanny တောင်းပန်စာထဲမှာ ထွက်ပေါ်လာတဲ့သတင်းတွေအတိုင်း အဖေဖြစ်သူရဲ့ လုပ်ရပ်များဟာအမှန်ဖြစ်ကြောင်း၊ သူမအဖေကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့လူတွေ မိသားစုဝင်တွေကိုတောင်းပန်ကြောင်းရေးသားထားပါတယ်။ ပြီးတော့ သူမဟာ အဆိုတော်မဖြစ်ခင် ကလေးဘဝမှာကတည်းက အဖေဖြစ်သူရဲ့ အကြွေးပြဿနာများ နဲ့ နေထိုင်ခဲ့ရသူတစ်ယောက်ဖြစ်ပြီး အဆိုတော်ဖြစ်ပြီးစဉ်ကာကမှာလဲ အဖေ့ကြွေးရှင်တွေက အနောက်ကတကောက်ကောက်လိုက်နေတဲ့အတွက်ရင်တထိတ်ထိတ်နဲ့ နေထိုင်ခဲ့ရတယ်လို့ဆိုထားပါတယ်။ အကြွေးတွေပြန်ဆပ်ဖို့အကြပ်ကိုင်တာတွေလဲခံခဲ့ရပြီး မိသားစုအရေးများကိုတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ သူမက ရေးသားထားပါတယ်။ နောက်ဆုံး အဖေ့ဒဏ်ကိုခံနိုင်တော့လို့ အဖေနဲ့ အဆက်အသွယ်ဖြတ်၊ သေခန်းပြတ်လိုက်တာ ၇ နှစ်တောင်ရှိသွားပါပြီလို့ သူမကပြောထားပါတယ်။


ယခု သူမအဖေအကြောင်းကိုဖော်ထုတ်လိုက်တဲ့လူအတွက်သူမစိတ်မကောင်း တော့ဖြစ်မိပေမဲ့ လက်ရှိမှာအဖေဖြစ်သူနဲ့ ဘာမှမသက်ဆိုင်တော့ကြောင်း၊ ဒီလို စိတ်မကောင်းစရာသတင်းတွေကြားမှာအဖေ့အကြောင်းနဲ့ မိသားစုဘဝကိုဖော်ထုတ်ပြောဆိုရတာ သူမအတွက်မလွယ်ကူကြောင်းရေးသားထားပါတယ်။ အဖြစ်အပျက်တွေအားလုံးအတွက် သူမအနူးအညွတ်တောင်းပန်ကြောင်းကို စာလွှာရဲ့ အဆုံးမှာရေးသားထားပါတယ်။




Follow us on