1. Home
  2. Movie Stars - Celebrity

အဆုံးသတ်မှာ သားနှစ်ယောက်ကို သူနဲ့အတူခေါ်ထားနိုင်ပြီဖြစ်တဲ့ ဘရက်ပစ်

Movie Stars - Celebrity ธ.ค. 07, 2561 view 1,752

ပစ်နဲ့ ဂျိုလီတို့ရဲ့ ကွာရှင်းမှုရန်ပွဲဟာ ၂၀၁၆ ခုနှစ်မှာစတင်ခဲ့ပြီး အခုအချိန်ထိမပြီးဆုံးနိုင်သေးပဲ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့၊ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးမှာ ကလေးခွဲယူတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါကလဲ ပစ်အနေနဲ့ ကလေးတွေအကုန်လုံးကို ဂျိုလီခေါ်ထားတာကိုမကျေနပ်တဲ့အတွက် ဖြစ်လာတဲ့ရန်ပွဲပါ။


ကယ်လီဖိုးနီးယားပြည်နယ်ဥပဒေအရ မိဘများကွာရှင်းရင်ကလေးများကို တစ်ဝက်စီ ခွဲယူရမှာဖြစ်ပေမယ့် စောင့်ကြည့်ကာလအတွင်းမှာ ဘရက်ပစ်ဟာ သားသမီးများကို ပြုစုစောင့်ရှောက်ခြင်းမရှိတာကြောင့် ကလေးအရေအတွက်တစ်ဝက်ထက်လျော့ပြီး ရမှာဖြစ်ပါတယ်။ ကလေးက ၆ ယောက်ရှိတာဖြစ်တဲ့အတွက် ပစ်ဟာ ကလေး ၆ ယောက်ထဲက ၂ယောက်သာ သူနှင့်အတူနေထိုင်ရန်ခေါ်ထားနိုင်မှာဖြစ်ပါတယ်။


သို့ပါ၍ ပစ်ဟာ သားအကြီးနှစ်ယောက်ဖြစ်တဲ့ မက်သ်ဒေါ့စ် နဲ့ ပတ်ဇ် တို့ကို သူနှင့်အတူ နေထိုင်ဖို့ ခေါ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှတော့ စူပါစတား ဘရက်ပစ်ဟာ သားနှစ်ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်နေတယ်လို့သိရပါတယ်။


ပစ်အနေနဲ့ ဂျိုလီနဲ့ ခွဲပြီးနေထိုင်တဲ့အချိန်ကစပြီး သားသမီးများနဲ့ နေထိုင်ခဲ့ရခြင်းမျိုးမရှိခဲ့ ပါဘူး။ သူ့အနေနဲ့ အထီးကျန်တာကြောင့် ကလေးတွေကလဲ သူနဲ့သက်ဆိုင်ကြောင်း သူလဲ သားသမီးတွေနဲ့ နေလိုကြောင်းပြောခဲ့ဖူးပါတယ်။


တစ်ခါကလဲ ကလေးတွေကို ဂျိုလီကပဲခေါ်ထားပြီး လူတွေရှေ့မှာသွားလာပြနေတာ သူ့ကိုယ်ထက်မြက်တဲ့ အမေတစ်ယောက်ဖြစ်တယ်ဆိုတာပြသချင်တဲ့အတွက်ဖြစ်တယ် လို့ ပြောဆိုဖူးပါတယ်။ ကလေးကိစ္စနဲ့ ပတ်သတ်ပြီး ပစ်တစ်ယောက် လုံးဝမတရားဘူးလို့ ခံစားခဲ့ရတာပါ။


သို့ပေမဲ့လို့ ပစ်ဟာကယ်လီဖိုးနီးယားပြည်နယ် တရားရုံးက ချမှတ်လိုက်တဲ့အတိုင်း ပစ်ဟာ သားအကြီးနှစ်ယောက်ဖြစ်တဲ့ မက်သ်ဒေါ့နဲ့ ပက်ဇ်တို့ကို ခေါ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။


လာမယ့် ခရစ်စမတ်မှာလည်း ကတိပေးထားတဲ့အတိုင်း ဂျိုလီနဲ့ပစ်တို့ဟာ ကလေးတွေအားလုံးနဲ့အတူ မိသားစုစုံစုံလင်လင်ရှိနေပေးမှာဖြစ်ပါတယ်။ ကလေးတွေအားလုံးရဲ့ ခရစ်စမတ်ဆုတောင်းကလဲ ခရစ်စမတ်မှာ မိဘစုံစုံလင်လင်နဲ့ အတူရှိနေစေချင်တယ်လို့ပြောဖူးတာကြောင့် ပစ်ဟာဂျိုလီနဲ့ ကလေးတွေနဲ့ အတူရှိနေဖို့ ကို သဘောတူလိုက်တာဖြစ်ပါတယ်။


ဘရက်ပစ်ကလဲ ကလေးတွေနဲ့အတူ အေးအေးဆေးဆေး ပျော်ရွှင်စရာအချိန်တစ်ခုကိုဖြတ်သန်းကြည့်ချင်တယ်လို့ ပြောပါတယ်။ ဖခင်တစ်ယောက်အနေနဲ့အချိန်မပေးနိုင်ခဲ့တာတွေ အတွက်လဲစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာတော့ သားကြီးနှစ်ယောက်နဲ့ ခိုင်မာတဲ့ relationship တစ်ခုကိုတည်ဆောက်နေတယ်လို့ သိရပါတယ်။ လာမယ့် ခရစ်စမတ်မှာလဲ အငယ် လေးယောက်ဖြစ်တဲ့ ဇာရာ၊ ရှီလို့၊ ဗီဗီယန်၊ လော့ဇ်တို့နဲ့လဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာဖြတ်သန်းသွား ချင်တယ်လို့သိရပါတယ်။



Follow us on