1. Home
  2. Movie Stars - Celebrity

ခင်ပွန်းနဲ့အတူ ၀ါရင့်အဆိုတော်တစ်ယောက်လို သီဆိုပြလိုက်တဲ့ ရွှေမှုန်တို့စုံတွဲရဲ့ သီချင်းသစ်

Movie Stars - Celebrity ธ.ค. 07, 2561 view 1,518

အနုပညာလောကရဲ့ အသစ်စက်စက် ဇနီးမောင်နှံဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့နှစ်ယောက်ကတော့ မတူညီတဲ့အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းရင်း အောင်မြင်မှုကိုယ်စီရရှိထားသူများဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ကတော့ ဝေဖန်မှု၊ပြောဆိုမှုတွေကြားကပင် တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမရင်း အချစ်စစ်အချစ်မှန်နဲ့ နှစ်ယောက်တစ်ဘ၀ကိုတည်ဆောက်လိုက်ပြီပဲဖြစ်ပါတယ်။



ရွှေထူးကလဲ ဂီတလောကမှာ ထိပ်တန်းကရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ရွှေမှုန်ကလဲ သရုပ်ဆောင်လောကရဲ့ ထိပ်တန်းငွေကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ အဆိုတော်အပြင် သရုပ်ဆောင်လောကထဲကိုပါ ခြေလှမ်းစတင်ဝင်ရောက်နေပြီဖြစ်တဲ့ ရွှေထူးကတော့ ဇနီးချောလေးရွှေမှုန်နဲ့အတူ သီချင်းတစ်ပုဒ်ကိုဖန်တီးသီဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးသီဆိုထားတဲ့ “အမှား” ဆိုတဲ့ သီချင်းလေးက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရွှေမှုန်အတွက် ပထမဆုံးသောသီချင်းဖြစ်ပေမယ့် ရွှေမှုန်ကတော့ ပညာသားပါပါနဲ့ဝါရင့်အဆိုတော်တစ်ယောက်လို သီဆိုပြလိုက်ပါတယ်။



နုနုရွရွနဲ့ လှပတဲ့စာသားတွေပါဝင်နေတဲ့ ထိုသီချင်းလေးကတော့ ထွက်ပြီးပြီးချင်းမကြာခင်မှာပင် ကြည့်ရှုသူသိန်းချီရှိခဲ့သလို နားထောင်ကြသူပရိသတ်တွေရဲ့ မှတ်ချက်ကောင်းတွေကိုပါ ရရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ဆွဲဆောင်မှုရှိရှိသီဆိုထားတဲ့ ရွှေမှုန်ရတီတို့စုံတွဲရဲ့ သီချင်းသစ်ကို ဖော်ပြပေးလိုက်ပါတယ်။




ရွှေစုံတွဲရဲ့ ပထမဆုံးတူတူဖန်တီးလိုက်တဲ့ သီချင်းလေးကတော့ ပရိသတ်တွေကြားအကြိုက်တွေ့ခဲ့ရသလို သူတို့နှစ်ယောက်အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးထွက်လာရင်လဲ အောင်မြင်ဦးမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲနော်….



Follow us on