1. Home
  2. Movie Stars - Celebrity

မလုံမခြုံဝတ်ဆင်မှုကြောင့် ထောင် ၅ နှစ်ကျခံရတဲ့ ရုပ်ရှင်မင်းသမီး

Movie Stars - Celebrity ธ.ค. 07, 2561 view 1,692

အီဂျစ်နိုင်ငံက နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဟာ ပွဲတက်ဖက်ရှင်အဖြစ် ဝတ်ဆင်လာတဲ့အဝတ်အစားဟာ သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ထွင်းဖောက်မြင်နေရတယ်ဆိုတဲ့ ဝေဖန်မှုများ လူမှုကွန်ယက်ပေါ်မှာ မြင့်တက်ခဲ့တာကြောင့် အရေးယူခံရဖို့ ရှိနေပါတယ်။


အီဂျစ်မင်းသမီး Rania Youssef အသက် ၃၀ နှစ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကိုင်ရိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော် ပိတ်ပွဲကို အနက်ရောင် ဝတ်စုံဝင်ဆင်ပြီး ကော်ဇောနီပေါ်မှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။


ဝတ်စုံနဲ့ပက်သက်ပြီး ဒေါသထွက်ပြီး ဝိုင်းဝန်းဝေဖန်ကြတဲ့ ပရိသတ်တွေကို သူမက အွန်လိုင်းပေါ်ကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တောင်းပန်ခဲ့ပါတယ်။ ကြောညာချက်မှတော့ ဒီဝတ်စုံဟာ ရုပ်ရှင်ပွဲတော်ရဲ့ ဖက်ရှင်ဒီဇိုင်နာတွေ စီစဉ်ပေးတဲ့အတိုင်း ဝတ်ခဲ့ရတယ်လို့ ဒီဇိုင်နာတွေကို ပြန်လည် အပြစ်ဖို့ခဲ့ပါတယ်။


ဒီအဖြစ်ပျက်တွေကို ရှေ့နေများအဖွဲ့က စုစည်းပြီးနောက် အစိုးရရှေ့နေချုပ်ထံ တိုင်ကြားပြီးခဲ့ရာမှ အမှုဖွင့်စစ်ဆေးဖို့ထိ ဖြစ်လာခဲ့ပါတယ်။

Rania Youssef ကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အများပြည်သူမြင်ကွင်းမှာ မဖွယ်မရာဝတ်ဆင်မှုနဲ့ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင်တော့ သူမအနေနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရဖွယ်ရာရှိပါတယ်။



Follow us on