1. Home
  2. Special or Others

စောင့်ရတာ စိတ်မရှည်တော့လို့ ဓါတ်ကြိုးပေါ်ကနေ ကားလမ်းကူးတဲ့သူ (ရုပ်သံ)

Special or Others ธ.ค. 10, 2561 view 1,581

စောင့်ရတဲ့အလုပ်က အဆိုးဆုံးပါဆိုသလိုပဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က အမျိုးသားတစ်ဦးဟာ ကားတွေဆက်တိုက်သွားနေတဲ့ လမ်းမကြီးကို ဖြတ်ကူးဖို့ စောင့်နေခဲ့ပေမယ့် လမ်းပေါ်မှာ ကားမရှင်းတာကြောင့် စိတ်မရှည်တော့တဲ့အဆုံးမှာ ဓါတ်တိုင်ပေါ်တက်ပြီး ဓါတ်ကြိုးပေါ်ကနေတစ်ဆင့် လမ်းကူးဖို့ ကြိုးစားခဲ့တဲ့ ရုပ်သံ ပျံ့နှံ့ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဗုဒ်ဧဟူးနေ့ နံနက်ပိုင်းက ဟနွိုင်းမြို့ထဲ လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘာအကာအကွယ်မှ မပါပဲ အလွန်အန္တရာယ်များတဲ့ လျှပ်စစ်ဓါတ်ကြိုးပေါ်မှာ လမ်းတစ်ဖက်ကို ကူးဖို့ ကြိုးစားနေတာကို ယာဉ်မောင်းတစ်ဦးက ကားထဲကနေ ရိုက်ခဲ့တာဖြစ်ပါတယ်။


လျှပ်စစ်ဓါတ်ကြိုးတွေက အန္တရာယ်များသလို ချေချော်လက်ချော်ပြုတ်ကျခဲ့ရင်လည်း အောက်မှာ ဥဒဟိုသွားနေတဲ့ ကားလမ်းပေါ်ပြုတ်ကျသွားနိုင်ပါတယ်။


ဒီလမ်းမဟာ ကားအလွန်ရှုပ်ပြီး လမ်းကူးဖို့အတော်ကြာကြာစောင့်ရကြောင်း ဒသခံတစ်ဦးကဆိုပါတယ်၊ ဒါပေမယ့် အသက်နဲ့ရင်းပြီး လျှုပ်စစ်ဓါတ်ကြိုးပေါ်ကနေ လမ်းကူးခဲ့တဲ့လူရဲ့ စိတ်ကူးကိုတော့ အတော်လေး ရူးကြောင်ကြောင်နိုင်တယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေကာမှု ဓါတ်ကြိုးပေါ်က လူရဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှုကတော့ ချီးကျူးစရာကောင်းပါတယ်။



Follow us on