1. Home
  2. Movie Stars - Celebrity

ခရစ်စမတ်အကြိုပိတ်ရက်တွေမှာ ကလေးတွေနဲ့ဈေးဝယ်ထွက်ခဲ့တဲ့ ဂျိုလီ

Movie Stars - Celebrity ธ.ค. 10, 2561 view 1,430

အနောက်နိုင်ငံတွေမှာ ၁၂ လပိုင်းရဲ့ ဒီလိုနေ့ရက်မျိုးဟာဆိုရင် ခရစ်စမတ်ပွဲတော်အတွက် ပိတ်ရက်ပေးတဲ့ရက်များပဲဖြစ်ပါတယ်။ ထိုရက်တွေမှာ ခရစ်စမတ်ပွဲအတွက် လိုအပ်တဲ့ပစ္စည်းပစ္စယများကို မိသားစုတိုင်း၊ အိမ်တိုင်းအိမ်တိုင်း မိသားစုလိုက် စုံစုံလင်လင် အပြင်ထွက်ကာ ဝယ်လေ့ရှိကြပါတယ်။

ဟောလိဝုဒ်စတား အင်ဂျလီနာဂျိုလီတစ်ယောက် သူမရဲ့ ကလေးများနဲ့ခရစ်စမတ်အကြို ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ ဂျိုလီဟာပစ်နဲ့ ကလေးလုတဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ကလေး ၆ယောက်မှာ ၄ယောက်ကို သူမနှင့်အတူ ခေါ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ သားအကြီး နှစ်ယောက်ဖြစ်တဲ့ မက်ဒေါ့ဇ်နဲ့ ပက်ဇ်တို့ကိုတော့ အဖေဖြစ်သူ ပစ်ကသူနဲ့အတူနေထိုင်ဖို့ ခေါ်ဆောင်သွားတာဖြစ်ပြီး အငယ်လေးယောက်ကိုတော့ ဂျိုလီကခေါ်ဆောင်သွားတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့က ဂျိုလီက သူမကလေးများနဲ့အတူ လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ Grove ကုန်တိုက်သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရှီလို့၊ အမွှာနှစ်ယောက်ဖြစ်တဲ့ ဗီဗီယန်၊ နော့စ်တို့ နဲ့အတူသူမ ကုန်တိုက်ကိုဈေးဝယ်ထွက်ခဲ့တာပါ။ သမီးကြီးဖြစ်တဲ့ ဇာဟာရာကတော့ မပါခဲ့ပါဘူး။


လွန်ခဲ့တဲ့ရက်ပိုင်းအနည်းငယ်က ပစ်တစ်ယောက် သားကြီးနှစ်ယောက်နဲ့အတူ ခိုင်မာတဲ့ relationship တစ်ခုကိုတည်ဆောက်မယ်လို့ မီဒီယာတွေကိုဟစ်ကြွေးသွားခဲ့တာပါ။ ဂျိုလီကလဲ ပစ် ဒီလိုလုပ်ပြတာကို မခံချင်လို့ကလေးတွေနဲ့ အပြင်ထွက်လည်ပြ လေသလားလို့တောင်မေးစရာတွေဖြစ်လာပါတယ်။

ကလေးတွေခွဲယူတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဂျိုလီကို ပစ်က မတရားဘူးလို့ အရင်ပြောခဲ့တာပါ။ သူတို့နှစ်ဦးကြားထဲက ရန်ပွဲကြားမှာ ကလေးတွေကတော့ မြေစာပင်ဖြစ်လို့နေတာပါပဲ။


ဂျိုလီနဲ့ပစ်တို့ရဲ့ ကွာရှင်းမှုကိစ္စရပ်ကြီးဟာ တရားဝင်မပြီးဆုံးနိုင်သေးပါဘူး။ ကလေးခွဲယူတဲ့အမှု ပဲပြီးဆုံးသေးတာဖြစ်ပြီး တရားရုံးကတော့ သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်းစည်းစေချင်တဲ့ ဆန္ဒရှိလို့နေပါတယ်။ ဒါပေမဲ့လို့ ပစ်တစ်ယောက် လာမယ့်ခရစ်စမတ်မှာ ကလေးတွေအလိုရှိတဲ့အတိုင်း မိသားစုစုံစုံလင်လင်နဲ့ dinner ပြုလုပ်သွားမယ်လို့ ကတိပေးထားပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ မိသားစု တက်ညီလက်ညီ တွေ့ဆုံရမှာကလေးတွေကတော့ပျော်မဆုံးဖြစ်နေကြပါတယ်။ ဂျိုလီနဲ့ ပစ်တို့ နှစ်ယောက်တွဲ ပုံတွေလဲ ထိုနေ့မှာမြင်တွေ့ရဦးမှာပေါ့နော်။



Follow us on