1. Home
  2. Movie Stars - Celebrity

လက်တလော အွန်လိုင်းမှာဂယက်ထနေတဲ့ မအေးအေးဝင်းနဲ့ မအေးအေးသိန်း

Movie Stars - Celebrity ธ.ค. 10, 2561 view 1,832

ယခုလက်ရှိ လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ဂယက်ထနေတာကတော့ မအေးအေးဝင်းနဲ့ မအေးအေးသိန်းပဲဖြစ်ပါတယ်။ မအေးအေးသိန်းကတော့ Master Chef ပြိုင်ပွဲမှာ သူမရဲ့ စကားပြောစွမ်းပကားနဲ့ အများနဲ့မတူ တမူထူးခြားတဲ့ဟန်ပန်အမူအရာတို့ကြောင့် နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။ “မအေးသိန်းကြောင့် Master Chef ကိုဆက်ကြည့်နေရတာ”


“မမအေးသိန်းက idol”

“အဲ့မအေးသိန်းက စိတ်မမှန်ဘူးလား ရွာသာကြီးပို့လိုက်” အစရှိသဖြင့်သူမကို ပုံစံအမျိုးမျိုး အားပေးကြပါတယ်။



ပြီးခဲ့တဲ့အပတ် Master Chef ပြိုင်ပွဲမှာလဲ မအေးအေးသိန်းဟာ မော်လမြိုင်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ ကိုခန့်ဇော်ဦးအနိုင်ရရှိခဲ့တဲ့အပေါ် မကျေနပ်ကြောင်း သိသိသာသာပြသခဲ့ပါတယ်။ သူမထိုကဲ့သို့ မကျေနပ်ပုံ ပြသခြင်းဟာ လူတွေကို စိတ်ခုတာမျိုးမဖြစ်စေပဲ ဟာသဖြစ်လို့နေပါတယ်။

မအေးအေးဝင်း ဂယက်ကတော့ ဒီဇင်ဘာလ (၇) ရက်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲစိုင်းစိုင်းခမ်းလှိုင်က မိန်းကလေးတစ်ယောက်တင်ထားတဲ့ပို့စ်ကို share လိုက်ရာကစခဲ့တာပါ။


အဆိုပါမိန်းကလေးရေးခဲ့တာက “ဇာတ်ကားထဲကလို ကျောင်းပြီးတာနဲ့ အဖေ့ company မှာအလုပ်ဝင်လုပ်ရအောင် ဘဝကမအေးအေးဝင်းစီစဉ်တာမှမဟုတ်တာ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။ ထိုနေ့ကစပြီး လူတိုင်းက မအေးအေးဝင်းမှ မအေးအေးဝင်းဖြစ်သွားတော့တာပါပဲ။ ဟိုနေရာမှာလဲ မအေးအေးဝင်း၊ ဒီနေရာမှာလဲ မအေးအေးဝင်း နေရာတိုင်းမှာမအေးအေးဝင်းဖြစ်လို့နေပါတယ်။

 

မအေးအေးဝင်းနဲ့ မအေးအေးဝင်းနာမည်က ဆင်တူတာကြောင့် သူတို့ နှစ်ယောက်ကို စနောက်ပြီး troll တာတွေများပြားလာပါတယ်။

တချို့ကလဲ Master Chef ပြိုင်ပွဲမှာဖြစ်ပျက်နေတဲ့ မအေးအေးသိန်းကို “မအေးအေးဝင်းကိုပြောပေးပါ မအေးအေးသိန်းကိုလဲ တစ်ခုခုစီစဉ်ပေးပါဦးလို့” ဆိုပြီး အရွှန်းဖောက်စနောက်တာတွေရှိလာကြပါတယ်။

 

 





 



 

 

 



Follow us on