ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းများပြပွဲ Money Expo 2015 ကိုသြဂုတ်လ(၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပသွားမယ်လိုသိရပါတယ်။
ဘဏ်လုပ်ငန်းများ၊ ပြည်တွင်း၊ ပြည်ပငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများနဲ့ပတ်သက်ပြီး ပြည်တွင်းရှိလုပ်ငန်းရှင်များနဲ့ ပြည်သူများသိရှိနိုင်ဖို့အတွက် Money Expo 2015 ကိုကျင်းပမှာဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာဝန်ဆောင်မှုနဲ့ ဘဏ်နဲ့ပတ်သက်တာတွေပါမယ်။ ပြီးရင်စတော့အိပ်ချိန်းငွေကြေးဆိုင်ရာဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ Hardware/Software တွေ၊ ATM Machine၊ ပီအိုအက်(စ်)ငွေရည်စက်၊ ပိုက်ဆံအတုအစစ်ခွဲတာတွေ ပြီးတော့ ငွေကြေးနဲ့ပတ်သက်တာတွေကို လုံခြုံရေးပေးတဲ့ ပစ္စည်းတွေကို ပူပေါင်းပြသသွားမှာပါ။
ဒီပြပွဲအတွင်း CB Bank၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ Construction and Housing Bank, MPU အစရှိတဲ့ ကုမ္ပဏီများက ဘဏ်လုပ်ငန်းဆိုင်ရာ ပြသမှုများအပြင် ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဟောပြောပွဲများကိုပါ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။