1. Home
  2. Special or Others

ကျောင်းကား ဘရိတ်မမိပဲ လိမ့်ဆင်းလာမှုကြောင့် လူ ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ (ရုပ်သံ)

Special or Others ธ.ค. 11, 2561 view 1,490

ဟောင်ကောင်တွင် ရပ်ထားသော ကျောင်းကားတစ်စင်း ကုန်းလျောစောင်းပေါ်က အရှိန်နဲ့ လိမ့်ဆင်းခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိမှု ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ King လမ်းမကြီးနဲ့ Hei Wo လမ်းသွယ်တို့ဆုံရာနေရာတွင် မွန်းလွဲ ၂ နာရီအချိန်ခန့်က လူမပါသော ကျောင်းကားတစ်စီး ထိုးစိုက်ရပ်နားခဲ့ပြီး ကားဒရိုင်ဘာက ကားပေါ်မှ တံခါးဖွင့် ဆင်းရုံရှိသေးချိန်တွင် ကားက ရှေ့သို့ လိမ့်လာပြီး ကုန်းဆင်းလမ်းတစ်လျှောက် အထိန်းအကွပ်မဲ့ လိမ့်ဆင်းသွားခဲ့တာကို အခြားကားတစ်စီးမှ ရုပ်သံမှတ်တမ်းရယူနိုင်ခဲ့ပါတယ်။


မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ ဘတ်စ်ကားဟာ လမ်းဘေး ပလက်ဖောင်းက ဆိုင်တွေကို ဝင်တိုက်မိခဲ့တယ်လို့ဆိုပါတယ်။ အနီးနာမှာရှိတဲ့ လက်ဝတ်ရတနာဆိုင်က ဝန်ထမ်းကတော့ လူတွေငိုယိုပြီး အော်ဟစ်အကူညီတောင်းနေတာကို သွေးသံရဲရဲနဲ့ ခြောက်ခြားစရာ မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံတင်ပို့ခဲ့ကြပါတယ်။



Follow us on