အသက် ၂၀ အရွယ် ဟောလိဝုဒ်အဆိုတော် Shawn Mendes ဟာ သူ့ရဲ့ personality နဲ့ပတ်သတ်ပြီး စိတ်ဖိစီးလျက်ရှိပါတယ်။ သူ့ရဲ့ ဖြူလွန်းတဲ့အသားအရောင်၊ ရှည်တဲ့အရပ်၊ ပိန်တဲ့ခန္ဓာကိုယ်နဲ့ အပြောအဆို အနေအထိုင် နူးညံ့ညင်သာတဲ့အပြုအမူတွေကြောင့် လူတိုင်းက သူ့ကို ဂေးအဖြစ် ထင်မှတ်နေကြပါတယ်။
သို့ပေမဲ့ Shawn ဟာသူ ဂေးတစ်ယောက်မဟုတ်ဘူးဆိုတာ အတိအလင်းကြေငြာပြီးသားပါ။ ဒီလိုတွေအပြောအဆိုခံနေရလို့ သူ့အနေနဲ့ သူ့ရဲ့ နူးညံ့တဲ့အပြောအဆိုနဲ့ အနေအထိုင်သန့်ရှင်းပုံတို့ကို ပြင်စရာမလိုဘူးလို့ထင်တယ်လို့ သူကပြောထားပါတယ်။
သူ့ကို ဂေးပါလို့ပြောနေကြတဲ့အပေါ် သူကအရမ်းကြီးတော့မခံစားပါဘူးတဲ့။ ဒါပေမဲ့ သူတကယ် မဂေးပဲနဲ့ လူတိုင်းကဂေးတယ်လို့ စွပ်စွဲနေကြတာတော့ လွန်တယ်လို့ပြောကြားထားပါတယ်။
Shawn က “ကျွန်တော့်ကို လူတွေဒီလို စွပ်စွဲနေတာတွေရပ်သွားအောင်ကောင်မလေးတစ်ယောက်နဲ့ လူရှေ့သူရှေ့မှာ တွဲပြရမယ့်ပုံပေါက်နေပြီ ” လို့ သူက ရယ်မောပြီး ပြောဆိုနေခဲ့ပါတယ်။
Shawn က Lgbt လိင်တူချင်းကြိုက်နှစ်သက်ကြတာကို လက်ခံထားပေမယ့် သူကတော့အဲ့လိုလူတစ်ယောက်မဟုတ်ဘူးဆိုတာပြောထားပါတယ်။
“ဂေးဖြစ်တာ လိင်တူချင်းကြိုက်နှစ်သက်တာ မှားယွင်းတဲ့အရာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့် ရုပ်ရည်နဲ့ အပြောအဆိုအပြုအမူကိုပဲကြည့်ြ့ပီး ဂေးလို့ သတ်မှတ်လိုက်တာတော့ လွန်တယ်” လို့ Shawn ကပြောထားပါတယ်။
Shawn ဟာလက်တလော မင်္ဂလာဆောင်သွားတဲ့ အဆိုတော် Nick Jonas နဲ့လဲ ဘာလိုလိုညာလိုလို အထင်ခံခဲ့ရပြီး ဂေးလို့စွပ်စွဲခံရပါပြီ။ ခုတော့ Nick တစ်ယောက်လဲ Priyanka နဲ့ လက်ထပ်သွားပြီဖြစ်တဲ့အတွက် ထိုဇယားကတော့ကင်းရှင်းသွားပါပြီ။
အသက် ၂၀ အရွယ်ဖြစ်တဲ့ Shawn ဟာသူ့ရဲ့ လိင်တိမ်းညွတ်မှုတွေပြောင်းလဲသွားနိုင် တယ်ဆိုပေမဲ့ သူကတော့ ဂေးမဟုတ်ဘူးဆိုတာ တွင်တွင်ငြင်းနေတုန်းပါပဲ။ သူက မိန်းမတွေကို ပဲကြိုက်နှစ်သက်တယ်ဆိုတာပဲ ထပ်တလဲလဲပြောနေခဲ့ပါတယ်။
ယောင်္ကျားလေး ပဲဖြစ်ဖြစ်၊ မိန်းကလေးပဲအဖြစ် အသက် ၂၀ အရွယ်ဟာ စိတ်ကူးယဉ်လို့ကောင်းပြီး ကြင်ဖော်ရှာဖွေတဲ့အရွယ်ပဲမဟုတ်ပါလား။ ဒီလိုအရွယ်လေး တွေဟာဆိုရင် သူသူကိုယ်ကိုယ်စိတ်လေးတွေက နူးညံ့ကြတာပဲမဟုတ်ပါလား။ Shawn လဲထိုအထဲကတစ်ယောက်ပါပဲ ဒါကိုလူတွေကသူ့ကို ဂေးဆိုပြီး စွပ်စွဲနေကြတယ်ဆိုတာကို သူမခံမရပ်နိုင်ဖြစ်နေတာလဲမဆန်းပါဘူး။