1. Home
  2. Movie Stars - Celebrity

အများတကာက ငေးကြည့်ရလောက်အောင် ပွဲအလယ်မှာ ထင်ပေါ်လှပနေတဲ့ သုသု

Movie Stars - Celebrity ธ.ค. 11, 2561 view 1,500

အနုပညာအသိုင်းအ၀ိုင်းထဲမှာသာမက မိတ်ကပ်ပညာရှင်လောကမှာလဲ နာမည်ကြီးထင်ရှားသူတစ်ယောက်ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကတော့ အွန်လိုင်းပေါ်မှာ ရယ်မောစရာဟာသဗီဒီယိုလေးတွေတင်ရင်း ကျော်ကြားလာသူပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းပြီးပွင့်လင်းလွန်းတဲ့ အရင်းခံစိတ်ထားကြောင့်လဲ ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရတာပါ။



မိန်းကလေးတိုင်းကို လှပအောင်မိတ်ကပ်အစွမ်းနဲ့ ပြုပြင်ဖန်တီးပေးနေတဲ့ သုသုကတော့ သူမကိုယ်တိုင်လဲ အလှအပကို ချစ်မြတ်နိုးသူဖြစ်ပါတယ်။ ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးနောက် အလှအပကိုဦးစားပေးကာ ထင်တိုင်းကျဲလှနေတဲ့ သုသုကတော့ အများကငေးကြည့်ရလောက်အောင် လှပလွန်းတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ အမိုက်စားဖက်ရှင်နဲ့ အမိုက်စားအပြင်အဆင်နဲ့ သူမတူအောင်လှလွန်းနေတဲ့ သုသုကတော့ ပွဲလာသူအပေါင်းရဲ့ အကြည့်တွေကိုဖမ်းစားနေမှာအမှန်ပါပဲနော်...



သုသုကတော့ သူမဟာမလှတဲ့သူတစ်ယောက်မို့ လှတယ်ပြောရင် ကျေနပ်မိတယ်ဆိုတဲ့ အကြောင်းကို “မလှတဲ့ လူတယောက်ကို လှတယ်ပြောရင် ကျေနပ်တာပေါ့ ကျမ မလှပါဘူး လှတယ်ပြောရင်တော့ တအားသဘောကျကျေနှပ်တာပေါ့ရှင့်” ဆိုပြီး သူမရဲ့အလှပဆုံးသောပုံရိပ်တွေနဲ့အတူ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ပွဲအလယ်မှာ ရဲရဲတောင်ထင်ပေါ်လှပနေတဲ့ သုသုရဲ့အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။




/figure>



Follow us on