1. Home
  2. Movie Stars - Celebrity

One direction အဖွဲ့ဝင်တွေနဲ့လူစုံတက်စုံအရင်လို ပြန်တွေ့ချင်ပါသေးတယ်လို့ပြောလာတဲ့ Liam Payne

Movie Stars - Celebrity ธ.ค. 11, 2561 view 1,494

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဟောလိဝုဒ်အဆိုတော် Liam Panye ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘလ (၈) ရက်နေ့က ပရိတ်သတ်များနဲ့ ပါပါရာဇီများရဲ့ တကောက်ကောက် လိုက်တာကိုခံခဲ့ရပါတယ်။ ပရိတ်သတ်တွေကနောက်ကနေလိုက်ပြီး one direction အဖွဲ့ဝင်တွေနဲ့ အလုပ်ပြန်တွဲလုပ်ဖို့ အစီအစဉ်ရရှိမရှိကို အတင်းမေးမြန်းခဲ့ကြတာပါ။

လန်ဒန်မြို့ Jingle Bell Ball မှာပြုလုပ်တဲ့ Capital FM ရဲ့ အင်တာဗျူးမှာ ထိုမေးခွန်းရဲ့ အဖြေကိုသူဖြေကြားခဲ့ပါတယ်။ လာမယ့် ခရစ်စမတ် ပိတ်ရက်တွေမှာ သူငယ်ချင်းလဲဖြစ် ၊ အဖွဲ့ဝင်တွေလဲဖြစ်တဲ့ one direction အဖွဲ့သားတွေနဲ့ အတူဆုံတွေချင်ပါသေးတယ် လို့သူကပြောထားပါတယ်။


“ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော် Naill နဲ့စကားပြောဖြစ်သေးတယ်။ မနက် ၂ နာရီလောက်မှာတောင် ကျွန်တော်တို့နှစ်ယောက် မက်ဆေ့ခ်ျတွေပို့နေကြတုန်းပဲ၊ video call လဲပြောဖြစ်ကြသေးတယ်၊ ကျွန်တော်တို့အတူဖြတ်သန်းခဲ့တဲ့အချိန်တွေက နည်းတာမှမဟုတ်ပဲ၊ အဲ့ညက သူနဲ့အတူ ရယ်မောနေခဲ့တယ်။ ကျွန်တော်တို့ အတူရှိနေခဲ့ပြီး ခွဲနေရတာတောင်အချိန်တစ်ခုကြာသွားပြီပဲ” လို့ပြောသွားခဲ့ပါတယ်။


One direction အဖွဲ့ဟာ ၂၀၁၀ ခုနှစ်က စဖွဲ့ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် Zayn Maylik က၂၀၁၅ မတ်လမှာအရင်ဦးစွာ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ Zayn Malik ဟာတစ်ဦးတည်းနေထိုင်ရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး တခြားအဖွဲ့သားများနဲ့ အဆင်ပြေခြင်းမရှိခဲ့ပါဘူး။ သူ့ရဲ့ထူးဆန်းတဲ့ လူနေမှုပုံစံကြောင့် တစ်ဦးတည်းအရင်ခွဲထွက်သွားတယ်လို့ဆိုပါတယ်။


Liam Payne ပြောသွားတဲ့အတိုင်း one direction အဖွဲ့ဝင်တွေနဲ့တွေ့ချင်တယ်လို့ပြောပေမဲ့ Zayn ကိုတော့ထည်မပြောခဲ့ပါဘူး။ ပရိတ်သတ်တွေကတော့ သူတို့ (၅) ဦးကိုအရင်တုန်းကလို အတူတူတွဲမြင်ချင်နေတုန်းပါပဲ။




Follow us on