1. Home
  2. Movie Stars - Celebrity

ချစ်သူကတောင် ကြွေဆင်းကျသွားရတဲ့ G Fatt ရဲ့ အလန်းစား Hair colour

Movie Stars - Celebrity ธ.ค. 11, 2561 view 3,162

လူငယ်ပရိသတ်တွေကြားထဲမှာသာမက မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်စားနာမည်ကြီးတဲ့ အဆိုတော်ဂျီဖက်ကတော့ အနုပညာဂီတလောကမှာ ထိပ်တန်းစာရင်းက ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုကာ ထိမိလွန်းတဲ့ အမိုက်စားကာရမ်တွေ၊ ရသမ်တွေကြောင့် လူငယ်တွေရဲ့အကြိုက်နဲ့ထပ်တူကျကာ ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။



ရှိုးပွဲတွေမှာဖျော်ဖြေရင်း၊ ပရိသတ်တွေအတွက်လဲ သီချင်းအသစ်သစ်တွေထွက်ဖို့ ကြိုးစားနေတဲ့ ဂျီဖက်ကတော့ အောင်မြင်မှုတွေနဲ့အတူ သာယာကြည်နူးဖွယ် အချစ်ရေးကိုလဲ ပိုင်ဆိုင်ထားသူပါ။ အရုပ်မလေးတစ်မျှလှပလွန်းတဲ့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ မနဲ့မောင်အချစ်ဇာတ်လမ်းလေးကို ရှေ့ဆက်နေတဲ့ ဂျီဖက်တစ်ယောက် အလန်းစား hair color နဲ့ရိုက်ကူးထားတဲ့ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာကိုတွေ့ရပါတယ်။




သူနဲ့လိုက်ဖက်လွန်းတဲ့ အလန်းစားဆံပင်ကာလာတွေကြောင့် ချစ်သူနန်းဆုကတောင် ပြန်ကြွေသွားခဲ့ရပါတယ်။ နန်းဆုက ဂျီဖက်ရဲ့ ပို့စ်အောက်မှာ “Crazy hair color တွေကြွေနေပါပြီနော် အဖြူလေးနဲ့ကအမိုက်ဆုံး နဂို ဆံပင်ဖြူလေးတွေနဲ့ရောသွားတာပေါ့ ဂေါ်တယ်” ဆိုပြီး အသဲလေးပုံလေးနဲ့ ကောမန့်ပေးထားတာကို ဂျီဖက်ကလဲ “မကြီး ထက် ဂေါ်ရင်ပြီးတာပဲ” လို့ ချစ်စနိုးနဲ့ ပြန်လည်စနောက်ရေးသားခဲ့ပါတယ်။ နန်းဆုတင်မက ပရိသတ်တွေကပါ ကြွေနေကြရတဲ့ အလန်းစားဆံပင်ကာလာနဲ့ဂေါ်နေတဲ့ ဂျီဖက်ရဲ့ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ထိုပုံတွေကတော့ Pen Shoppe ရဲ့ Clolor Hair Wax ကြော်ငြာလေးအတွက် ရိုက်ကူးပေးထားတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။








Follow us on