1. Home
  2. Movie Stars - Celebrity

မအေးအေးဝင်း မစီစဉ်ပေးရင် သူမကိုယ်တိုင်စီစဉ်ပေးမယ်ဆိုတဲ့ စူးရှထက်

Movie Stars - Celebrity ธ.ค. 11, 2561 view 1,709

လတ်တလော အွန်လိုင်းသုံးစွဲသူများကြားမှာတော့ “မအေးအေးစီစဉ်သည်” ဆိုတဲ့စကားလေးက ရေပန်းစားလို့နေပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူ မိန်းကလေးတစ်ယောက်မှ သူမရဲ့ ဘ၀ကိုဟာသလေးနှောကာ အပျော်အပျက်ရေးသားလိုက်ရာမှ အားလုံးကသဘောကျနှစ်ခြိုက်ကာ ပေါ်ပင်ဖြစ်လာတဲ့စကားပဲဖြစ်ပါတယ်။ မအေးအေးစီစဉ်သည်ဆိုတဲ့စကားကို ယူသုံးကာ အမျိုးမျိုးစနောက်နေကြတာတွေလဲ အများအပြားတွေ့လာရပါတယ်။



အများသူငါတွေသာမက အနုပညာရှင်တွေကပါ ထိုစကားလေးကို သဘောကျစနောက်လာကြတာဖြစ်ပါတယ်။ ထိုထဲမှာတော့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး ပုရိဿတွေရဲ့တစ်ခဲနက်ဝန်းရံခြင်းကို ခံထားရသူလေး မော်ဒယ်စူးရှထက်လဲ အပါအ၀င်ဖြစ်ပါတယ်။ ယနေ့မှာတော့ သူမက မအေးအေးဝင်းမစီစဉ်ပေးလို့ ဘ၀ကြီးကအဆင်မပြေဖြစ်နေကြသူတွေကို သူမကိုယ်တိုင်စီစဉ်ပေးရမလားဆိုပြိး ပြောဆိုရေးသားလိုက်ပါတယ်။



သူမပြောထားတာကတော့ “မအေးအေးဝင်း စီစဉ်တာအဆင်မပြေရင် စူးရှထက် စီစဉ်ပေးမယ်လေ... ကဲ ဘယ်လိုလဲ” ဆိုပြီး မေးမြန်းကာ စနောက်လိုက်တာပဲဖြစ်ပါတယ်။ ဖတ်ရှု့နေကြတဲ့ ပရိသတ်ကြီးထဲမှာလည်း မအေးအေးဝင်း စီစဉ်တာအဆင်မပြေရင် စူးရှထက်ကို စီစဉ်ခိုင်းလို့ရပါတယ်နော်...





Follow us on