1. Home
  2. Myanmar News

မြိတ်မြို့တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက် ၂ ဦး ပုဆိန်နဲ့ခုတ်ခံရ

Myanmar News ธ.ค. 12, 2561 view 1,806

မြိတ်မြို့ ကမ်းနားလမ်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်က ဆိုင်ကယ် ၂ စီးတိုက်မိပြီးနောက် ပုဆိန်နဲ့ ခုတ်မှုပါ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။


ကမ်းနားလမ်း Sea View ကွန်ဒိုအနီးတွင် ည ၈ နာရီခွဲ အချိန်ခန့်က မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဆိုင်ကယ် ၂ စီး တိုက်မိခဲ့ကြပြီး လမ်းပေါ် လဲကျသွားစဉ် လူ ၃ ဦး လမ်းပေါ် လွင့်စဉ်လဲကျသွားသည်။

မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ NCX အမျိုးအစား ငှက်ခါးရောင် ဆိုင်ကယ်နှင့် MSX အဖြူရောင် ဆိုင်ကယ်တို့ တိုက်မိကြပြီး MSX ဆိုင်ကယ် မောင်းနှင်လာသူမှ တစ်ဖက်ဆိုင်ကယ်မှ လူငယ်နှစ်ဦးကို ပုဆိန်နဲ့ ခုတ်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။


ဆိုင်ကယ်တိုက်မိပြီး ပုဆိန်နဲ့ ခုတ်ခ့ရသူ လူငယ်များမှာ ဆယ်ကျော်သက်အရွယ် ကလေးများဖြစ်ပြီး ပုဆိန်နဲ့ ခုတ်ခဲ့သူက ဆိုင်ကယ်ကို ချန်ထားရစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။


သတင်းရင်းမြစ် - https://goo.gl/L6evAx



Follow us on