တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sanya မြို့မှာကျင်းပပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကြီးမှာ မြန်မာအလှမယ်ဟန်တီက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ခင်းအချိန်မှာ ဟန်တီက Miss World 2018 ပြိုင်ပွဲကြီးပြီးလို့ Sanya ကနေထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာနေပြီဖြစ်ပါတယ်။
အလှမယ်ဟန်တီဟာ Miss World 2018 ပြိုင်ပွဲမှာ Healthy&Challenge ရဲ့ winner ဆုကိုရရှိခဲ့ပါတယ်။ သူမအနေနဲ့ ဒီလိုဆုတံဆိပ်ကိုင်ဆောင်ပြီး မြန်မာပြည်ကိုပြန်လာပြီဆိုတာ အင်မတန်မှကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။
ဟန်တီဟာ အလှမယ် ပြိုင်ပွဲပေါင်းများစွာကိုပြိုင်ဖူးပြီး အသက်အရွယ်အပိုင်းအခြားအရငယ်ရွယ်သေးပေမယ့် အလှမယ်လောကမှာတော့ အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်ပါတယ်။
သူမဟာ Miss World 2018 ပြိုင်ပွဲကြီး အပြီးမှာ မြန်မာနိုင်ငံပြန်လာပြီး ပရဟိတလုပ်ငန်းများကိုလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားက နယ်မြို့များသို့ သွားရောက်ပြီး သူမရဲ့ပရဟိတလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
သူမရဲ့ ပရိတ်သတ်တွေကိုလဲ comment တွေမှာမြန်မာနိုင်ငံက မြို့တွေကိုမန့်ခိုင်းပြီး သူမနှင့် ပရဟိတအဖွဲ့ မရောက်ဖူးသေးတဲ့နေရာတွေကိုသွားရောက်လည်ပတ်ဖို့အစီအစဉ် ရှိတယ်လို့သိရပါတယ်။
လတ်တလောမှာတော့ ရန်ကုန်ကိုအရင်ပြန်ရမှာဖြစ်ပြီး ရန်ကုန်လေဆိပ်မှာ “ဟန်တီ့ကို လာကြိုမယ့်လူရှိပါ့မလား၊ အဲ့လိုပဲဟန်တီ့ကို လူတွေကမချစ်ကြဘူး၊ ဒီလိုပါပဲဟန်တီကသာ ကြိုးစားထားရတာ” ဆိုပြီး ပြောထားပါတယ်။ ဟန်တီဟာ မိခင်ဖြစ်သူနဲ့ ဘန်ကောက်ကနေ ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း ၁၀ နာရီ ၅၀ မိနစ်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်ရတာကြိုက်တဲ့အလှမယ်ဟန်တီဟာ တာချီလိတ်ရှမ်းအနွယ်ဝင်တစ်ဦးပါ။ ဒီလိုတိုင်းရင်းသူတစ်ယောက်က တိုင်းတစ်ပါးကို သွားရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်ကို ဆွတ်ခူးရယူလာခဲ့တာ ဂုဏ်ယူဝမ်းသာစရာပါပဲ။ မကြာခင် မြန်မာပြည်ကိုပြန်ရောက်တော့မယ့် အလှမယ်ဟန်တီကို ချစ်တဲ့ ပရိတ်သတ်ကြီး ရှိရင် like & share လုပ်ဖို့ မမေ့နဲ့ဦးနော်။ ပြီးတော့ မြန်မာပြည်ကိုပြန်ရောက်တော့မယ့် ဟန်တီ့ကိုသွားကြိုလိုက်ကြပါဦး။