1. Home
  2. Special or Others

မြွေဟောက်ကြီးတစ်ကောင် ရဲစခန်းထဲ ဝင်လာပြီး လူကို တိုက်ခိုက် (ရုပ်သံ)

Special or Others ธ.ค. 12, 2561 view 1,600

ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရှိ ရဲစခန်းတစ်ခုထဲကို လုံးဝ ထင်မှတ်မထားပဲ ၆ ပေခန့်ရှည်လျားတဲ့ မြွေဟောက်ကြီးတစ်ကောင် တွားသွားဝင်လာပြီး ရဲစခန်းထဲမှာ ထိုင်စောင့်နေတဲ့ အမျိုးသားတစ်ဦးကို လှမ်းပေါက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

စီစီတီဗီရုပ်သံအရ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရဲစခန်းထဲက ထိုင်ခုံမှာ ထိုင်စောင့်နေစဉ် ရဲစခန်းရဲ့ ပင်မတံခါးပေါက်ကြီးကနေ မြွေတစ်ကောင် ခပ်မြန်မြန် တွားသွားဝင်လာခဲ့ပါတယ်။

တစ်ဖက်ကို လှည့်နေတဲ့ အမျိုးသားက မြွေဝင်လာတာကို မသိခဲ့ပါဘူး။ ကံကောင်းချင်တာလား မြွေရဲ့အသံကြောင့်လားမသိ လှည့်ကြည့်လိုက်ချိန်မှာ မြွေကြီးက သူနဲ့ လက်တစ်ကမ်းမှာ ရောက်နေပါပြီ။ အဲဒီနောက် မြွေကြီးက အရှိန်နဲ့ လှမ်းပေါက်တာကို တွေ့လိုက်ရပါတယ်။


အမျိုးသားကလည်း ခြေထောက်နဲ့ ပြန်လည်ခုခံရင်း နောက်ဆုံးမှာ နင်းသတ်နိုင်ခဲ့ပါတယ်။ အကယ်၍သူသာ လှည့်မကြည့်ဖြစ်ခဲ့ရင်တော့ မတွေးဝံ့စရာပါပဲ။



Follow us on