
ဟာသလူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ဝါသနာအရင်းခံကာ သရုပ်တူအောင် TikTok နဲ့ သဏ္ဍန်လုပ် သရုပ်ဆောင်ပြရင်း လူမှုကွန်ယက်ပေါ်မှာ လူသိများလာသူလေးကတော့ ပဲခူးမြို့သူလေး “ချစ်ပို” ဆိုတဲ့ အကောင့်ပိုင်ရှင်လေး ဖြစ်ပါတယ်။


လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေပြီး ပျော်ပျော်နေတတ်တာကြောင့် ဝါသနာအရ ဟာသဇာတ်လမ်း ဇာတ်ကွက်လေးတွေကို အသံနဲ့ထပ်တူကျအောင် သရုပ်ဆောင်ပြရင်း လူသိများလာတဲ့ မြန်မာ TikTok စတားတစ်ပွင့် ဖြစ်လာပါတယ်။ “ချစ်ပို” ရဲ့ ဟာသလေးတွေကို အားပေး ကြည့်ရှုပါဦး။
comment