
တက်သစ်စ မင်းသားချောလေး ချာအွန်ဝူးဟာ နှုတ်ခမ်းနီမလေးတွေကြားမှာရေ ပန်းစားကျော်ကြား ရုံသာမက ယောင်္ကျားလေးအချို့ရဲ့ အားကျအတုယူခြင်းကိုပါ ခံနေရသူတစ်ဦးဖြစ်ပါတယ်။
.jpg)
တောင်ကိုးရီးယားမှာရှိတဲ့ ဆာဂျရီ မျက်နှာခွဲစိတ်ပြုပြင်တဲ့ဆေးရုံတွေမှာဆိုရင် ဆရာဝန်တွေက ချာအွန်ဝူးရဲ့ မျက်နှာကိုစံနမူနာထားပြီးခွဲစိတ်ကြတယ်လို့ ဆိုပါတယ်။

အွန်ဝူးဟာ ယောင်္ကျားလေး Kpop အဆိုတော်အဖွဲ့ Astro အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အွန်ဝူးဟာ ဇာတ်ကားတော်တော်များများမှာ အရံအနေနဲ့သာသရုပ်ဆောင်ခဲ့ရပြီး My ID is a Gangnam Beauty ဟာ သူပထမဦးဆုံးခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဒရာမာဇာတ်ကားဖြစ်ပါတယ်။
.jpg)
ပထမဆုံး ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်တဲ့ဒရာမာက အရမ်းအောင်မြင်သွားတာကြောင့် ချာအွန်ဝူးဟာ နာမည်ရတယ်လို့ပြောရမှာပါပဲ။
.jpg)
မူလအစမှာတော့ သူ့ရဲ့ ချောမောလွန်းတဲ့ရုပ်ရည်နဲ့ sweet ဖြစ်လွန်းတဲ့ ဟန်ပန်အမူအရာတို့ကြောင့် လူတွေက သတိထားမိခဲ့ပြီး ယခုအချိန်မှာတော့ အရည်အချင်းတွေကိုထုတ်ဖော်ပြသခွင့်ရရှိခဲ့တဲ့ နာမည်ရမင်းသားတစ်လက် ဖြစ်နေပါပြီ။
.jpeg)
ချာအွန်ဝူးဟာ တီဗွီအစီအစဉ်တစ်ခုမှာ စီနီယာမင်းသမီးဖြစ်တဲ့ ပတ်ဘိုယောင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးချင်တယ်လို့ပြောဖူးပါတယ်။ သူ့အိမ်မက်တွေတကယ်ဖြစ်လာပါပြီ။ ပတ်ဘိုယောင်းနဲ့ ဒရာမာ အတူတွဲရိုက်ရတာမျိုးတော့ မဟုတ်ပေမဲ့ ကြော်ငြာ တူတူတွဲရိုက်ရမှာဖြစ်ပါတယ်။
.jpg)
ဒီဇင်ဘာလ (၁၂)ရက်နေ့မှာနာမည်ကြီး ကြက်ကြော်ဆိုင်ဖြစ်တဲ့ ‘Goobne Chicken’ က ချာအွန်ဝူးနဲ့ ပတ်ဘိုယောင်းကို ကြက်ကြော်ဆိုင်ရဲ့ မော်ဒယ်အဖြစ်ရွေးချယ်ထားကြောင်း သူတို့ ရဲ့ official site မှာကြေငြာခဲ့ပါတယ်။
.jpg)
Goobne Chicken ရဲ့ CEO Hong Kyung Ho က ပတ်ဘိုယောင်းနဲ့ ချာအွန်ဝူးတို့ရဲ့ ကျန်းမာပြီး postive energy ရှိတဲ့ပုံစံကြောင့် ရွေးချယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်နောင်မှာလဲ ချာအွန်ဝူးတို့ ပတ်ဘိုယောင်းတို့ရဲ့ ကြက်ကြော် ကြေငြာတဲ့ ပုံရိပ်တွေကို Goobne Chicken ဝက်ဘ်ဆိုဒ်မှာဖော်ပြသွားမယ် လို့သိရပါတယ်။
.jpg)

ပတ်ဘိုယောင်းဟာဆိုရင် တွဲဖက်လိုက်တဲ့မင်းသားတိုင်းနဲ့လိုက်ဖက်ညီပြီး ရိုမန်တစ်ဆန်ဆန်ကားတွေကို ချစ်စဖွယ်သရုပ်ဆောင်တတ်တာကြောင့် ပရိတ်သတ်အပေါင်းချစ်ခင်ရတဲ့ မင်းသမီးတစ်လက်ပါပဲ။
.jpg)
အခုလို နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ မင်းသားချာအွန်ဝူးနဲ့ ကြော်ငြာတွဲရိုက်တော့မယ်ဆိုတော့ သူတို့နှစ်ယောက်ဘယ်လို sweet တဲ့ပုံစံလေးတွေနဲ့ ထွက်လာဦးမယ်ဆိုတာလဲ စိတ်ဝင်စားစရာပါပဲနော်။ ပတ်ဘိုယောင်းနဲ့ ချာအွန်ဝူးတို့ကို ချစ်တယ်ဆိုရင် Like&Share လေးလုပ်ပေးကြပါဦး။
comment