1. Home
  2. Football

ဂိုးသွင်းသူကင်းမဲ့နေသည့် စပိန်ဘီလူးကြီး၏ ဂိုးပြတ်ရှုံးနိမ့်မှု

Football ธ.ค. 13, 2561 view 1,654

လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မတ်ထရစ် အသင်းဟာ မနေ့က အိမ်ကွင်းမှာ CSKA အသင်းကိုဂိုးပြတ်ရှုံးနိမ့်ပြီး မှတ်တမ်းဆိုးတွေကို ဆက်တိုက်ဆိုသလိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။ အဓိက ကစားသမာ ရော်နယ်ဒို မရှိတော့သည့်နောက်ပိုင်း ရီးယဲလ်မတ်ထရစ် အသင်းဟာ သွင်းဂိုးများခြောက်ခမ်းလာပြီး ဂိုးရရှိဖို့အတွက် အတော်လေးရုံးကန်လာရတာကို တွေ့ရပါတယ်။


ချန်ပီယံလိဂ်အုပ်စုအဆင်ကနေ့ တတ်ရောက်ဖို့ သေချာသွားပြီး ဖြစ်တဲ့ ရီးယဲလ်မတ်ထရစ် အသင်းနည်းပြ ဆိုလာရီဟာ လူငယ်ကစားတွေကို အသုံးပြုခဲ့ပေမယ့် အုပ်စုကနေ့ ထွက်ဖို့သေချာပြီနေတဲ့ CSKA အသင်းကိုဝ-၃ဖြင့် ရှုံးနိမ့်တာကတော့ ပုံပျက်ပန်းပျက် ဆန်လွန်းပါတယ်။


CSKA အသင်းအတွက် အနိုင်ဂိုးတွေကို ၃၇ မိနစ်မှာ ချားလော့ ၊ ၄၃ မိနစ်မှာ ရှာချန်နီကော့ ၊ ၇၃ ဆီဂရက်ဆန် တို့က သွင်းယူပေးထားခဲ့ပါတယ်။ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုတော့ CSKA ကစားသမား ချားလော့ ကရရှိခဲ့ပါတယ်။




Follow us on