လူတစ်ယောက်မှာ သူ့ရဲ့ first impression ကအရမ်းအရေးကြီးလှပါတယ်။ မည်သူမဆို သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ထားတဲ့ လူကိုမြင်နေရရင် စိတ်အေးချမ်းသွာကြတာချည်းပါပဲ။ သင်ဟာ ရုံး အလုပ်လုပ်နေသူတစ်ယောက်လား၊ဈေးရောင်းသူတစ်ယောက်လား မည်သည့်အလုပ် လုပ်ကိုင်သူဖြစ်ပါစေ ဝတ်စားဆင်ယင်မှုပုံစံက အရေးအကြီးတဲ့အချက်အနေနဲ့ တစ်ထောင့်တစ်နေရာကနေပါဝင်ပတ်သတ်လို့နေပါတယ်။ ဒါကြောင့် ကိုးရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးလေးတွေဝတ်တဲ့ရုံးတက် ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ တောက်တောက်ပပ ယုံကြည်ချက်အပြည့်ရှိတဲ့ပုံစံ
သင်ဟာ နေ့စဉ်နဲ့အမျှ customer (သို့) suppliers တွေနဲ့ ပြောဆိုဆက်ဆံနေရတဲ့လူတစ်ယောက်ဆိုရင် အရောင်တောက်တောက်နဲ့ တလက်လက်ထနေတဲ့ အဝတ်အစားမျိုးကိုဝတ်ဆင်သင့်ပါတယ်။ အပေါ်ပိုင်း အင်္ကျီ ကိုအဖြူစွတ်စွတ် ဝတ်ဆင်ပြီး အောက်က sparkle စတိုင် လက်လက်ထနေတဲ့ပုံစံလေးဝတ်ဆင်ရင် တကယ့်ကို perfect ပါပဲ။ sparkle နဲ့ အကျီင်္အဖြူ ဝတ်ဆင်ခြင်းဟာလူငယ်ဆန်ပြီး စမတ်ကျစေမှာဖြစ်သလို သင်နဲ့ပြောဆိုဆက်ဆံရသူတွေကိုလဲ သက်တောင့်သက်သာဖြစ်စေပြီး အလုပ်ကိစ္စရပ်တွေကို အဆင်ပြေချောမွေ့စွာညှိုနှိုင်းနိုင်ပါလိမ့်မယ်။
၂။ အားမာန်အပြည့်နဲ့ ယုံကြည်ချက်ရှိတဲ့ပုံစံ
ဒီပုံစံကတော့ အထက်တန်းကျကျ ရှေ့နေအမျိုးသမီး၊ ဆရာဝန် တို့ဝတ်စားဆင်ယင်ဖို့ အသင့်တော်ဆုံးပါပဲ။ ပုံထဲမှာဝတ်ပြထားတဲ့ မင်းသမီး So Ye Ji ဟာဆိုရင် Lawless Lawyer ဇာတ်လမ်းတွဲထဲမှာအလွတ်တန်းရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားထာဖြစ်ပြီး သူမရဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ပုံကိုဖော်ပြဖို့ အဖြူရောင် suit ကတစ်ထောင့်တစ်နေရာက ပံ့ပိုးနေတာအသိသာပါပဲ။
၃။ လုပ်ငန်းခွင်ထဲ လွတ်လပ်ပေါ့ပါးတဲ့ပုံစံ
ဒီပုံထဲမှာ ပြထားတာဆိုရင် Suzy ဝတ်ထားတဲ့ Suit ဟာ suit ပေမဲ့ ရိုးရိုး freestyle လူငယ်ဆန်ဆန်လွတ်လပ်မှုကိုဖော်ပြနေတဲ့ပုံပဲဖြစ်ပါတယ်။ စမတ်လဲကျ၊ ဖက်ရှင်လဲကျပြီး ပေါ့ပါးတဲ့အသွင်ကိုဆောင်ကာ အကုန်အကျလဲသိပ်မများတဲ့ ဖက်ရှင်လို့ပြောလို့ရပါတယ်။ ဒီလိုပုံစံလေးနဲ့လဲ သင့် brand ကိုတည်ဆောက်လို့ရပါတယ်နော်။
၎။ သတ်လတ်ပိုင်းရာထူးကြီးတဲ့ MD မမပုံစံ
ဒါကတော့ ရာထူးကြီးတဲ့ MD မမပုံစံပါ။ ရာထူးကြီးပြီး သက်လတ်ပိုင်းလောက်ရှိပြီဖြစ်တဲ့ မမတွေအတွက် တစ်ဆက်တည်း ဂါဝန်လိုပုံစံမျိုးဝတ်တာအသင့်တော်ဆုံးဖြစ်ပြီးသက်တောင့် သက်သာဖြစ်စေကာ စမတ်ကျလှပစေမှာဖြစ်ပါတယ်။
၅။ Free Style လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါးတဲ့ပုံစံ
ဒီပုံလေးမှာဆိုရင် မင်းသမီး ဂျောင်ဆိုမင်ဟာ အနက်ရောင်ရှပ်အင်္ကျီကို အစင်းဘောင်းဘီရှည်ကိုတွဲဖက်ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။ အစင်းတွေဝတ်ဆင်ခြင်းဟာ သင့်ကိုပုံမှန်ထက်အရပ်ရှည်တယ်လို့ထင်ရစေမှာဖြစ်ပြီး အထာကျတဲ့ပုံလဲပေါက်စေပါတယ်။ အစင်းတွေဝတ်ရင် ခန္ဓာကိုယ်ကို ပုံမှန်ထက် ပိုပိန်တယ်လို့လဲ ထင်ရစေပါတယ်။ ဒါပေမဲ့ အစင်းကြောင်းကြီးတဲ့ အဝတ်တွေဝတ်မယ်ဆိုရင်တော့တွဲရက် ဝမ်းဆက်မျိုးဝတ်ဖို့မသင့်တော်ပါဘူး။ အကျီင်္ပြောင်ကို အောက်က ဘောင်းဘီ အစင်းနဲ့တွဲဖက်ဝတ်တာအသင့်တော်ဆုံးပါပဲ။
အခုလို ဒရာမာဇာတ်လမ်းတွဲတွေထဲက ကိုးရီးယားမင်းသမီးလေးတွေဝတ်တတ်တဲ့ဖက်ရှင်ပုံစံလေးတွေကို ဝေမျှပေးပြီးပြီဆိုတော့ ပျိုမေတို့အားလုံး ကိုးရီးယားမင်းသမီးလေးလို အထာကျလှပနိုင်ကြပါစေလို့ Popolay မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ တကယ်လို့ ဒီပို့စ်လေးကို ကြိုက်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။