1. Home
  2. Special or Others

စက်ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်မှာ စကူအကြီးစားများ ရိုက်သွင်းခံရ (ရုပ်သံ)

Special or Others ธ.ค. 14, 2561 view 2,078

တရုပ်နိုင်ငံ ဟူနန်ပြည်နယ်၊ ဖူလင်းမြိုရှိ ကြွေထည်စက်ရုံက အလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း ထိတ်လန့်စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေခဲ့ပါတယ်။ စက်ရုံမှာရှိတဲ့ တပ်ဆင်ရေး စက်လက်တံတစ်ခု ချို့ယွင်းခဲ့ပြီး သူ့ရဲ့ ညာဘက်လက်ရဲ့ ကျောပြင်ကို စတီးစကူအကြီးစား ၁၀ ချောင်း စိုက်ဝင်သွားခဲ့ပါတယ်။


“ကျူ” လို့အမည်ရတဲ့ အသက် ၄၉ နှစ်အရွယ် စက်ရုံဝန်ထမ်းဟာ ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းက အလုပ်လုပ်နေစဉ် စက်ချို့ယွင်းနေတယ်လို့ ယူဆရတဲ့ စက်လက်တံတစ်ခုက ၃၀ စင်တီမီတာ ရှည်လျားပြီး ၁.၅ စင်တီမီတာ လုံးပတ်ရှိတဲ့ စကူသံချောင်းတွေ သူ့ရဲ့ ခန္ဓာကိုယ်ကို ရိုက်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။


စကူလေးချောင်းက ညာဘက် လက်ဖျံကို စိုက်ဝင်ခဲ့ပြီး ၆ ချောင်းကတော့ လက်မောင်းနဲ့ ကျောပြင်ကနေ ရင်ဘတ်ထိ ထုတ်ချင်းပေါက် စိုက်ဝင်သွားခဲ့ပါတယ်။ ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ပါတယ်။ ဆေးရုံပေါ်မှာ သူ့ရဲ့ ညာဘက်လင်တစ်ချောင်းလုံး အထိတွေအာရုံခံစားမှု မရှိတော့သလိုဖြစ်ခဲ့ပါတယ်။


ဆရာဝန်တွေက အထူးဂရုစိုက်ပြီး စကူသံချောင်းကြီးတွေကို နောက်ဆုံးမှာ အောင်မြင်စွာနဲ့ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ လူနာရဲ့အခြေအနေကလည်း အခုဆိုရင် ပြန်လည်ကျန်းမာကောင်းမွန်လာပြီဖြစ်ကြောင်း တရုပ်နေ့စဉ်သတင်းတွင် ဖော်ပြပါရှိသည်။




Follow us on